Wednesday, January 28, 2026

မြန်မာ – တရုတ် နယ်စပ် ဝမ်တိန်ဂိတ်မှ မြန်မာပို့ကုန် ၇ မျိုး ယာယီပိတ်

သျှမ်းပြည် မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ် ဝမ်တိန် – မန့်မန်ဂိတ်ကတဆင့် ဆန်အပါအဝင် မြန်မာပို့ကုန် ၇ မျိုး တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ် – ၁၉ တားဆီးကာကွယ်ရေး Task Force အဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

ဝမ်းတိန်

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာပြည်ဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့မည့် ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်နဲ့ သယ်ယူရမည့် ကုန်စည်၊ အေးခဲလတ်ဆတ်၊ အေးခဲကုန်စည် ၊ ရေထွက်ကုန်စည်၊ နေ့စဉ် သုံးကုန်ပစ္စည်းနှင့် ထုတ်ပိုးရလွယ်ကူသော စားသောက်ကုန်များကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်တားမြစ်ခြင်းနှင့် ပတ်သက်ပြီး ကားသမားများစွာ နောက်ကြောင်းပြန်လှည့်နေရကြောင်း တရုတ်ပြည်ဘက်သို့ ဆန်တင်ပို့ရန်အတွက် A Zone ကုန်သွယ်ရေးဂိတ်အတွင်း ရောက်ရှိနေသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီထုတ်ပြန်ချက် မထုတ်ခင်ကတည်းက ကျနော်တို့ရောက်နေတာ။ ကျနော်က ဆန်တွေတင်လာတယ်၊ ဟိုဘက်က လာကြိုမယ့်ကားကို စောင့်ရင်းနဲ့ ကျနော် ဒီ A Zone ထဲရောက်နေတာ ၆/၇ ရက်လောက်ရှိနေပြီ၊ အခု ဒီထုတ်ပြန်ချက်ထွက်လာတော့ ကျနော်တို့က နောက်ကြောင်းပြန်လှည့်ရတော့မယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံကို နယ်စပ်မှတစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ သစ်သီးဝလံအပါအဝင် လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်များ တင်ပို့နေပြီး တရုတ်ပြည်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များကို တင်သွင်းနေကြောင်းလည်း သိရသည်။13m

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...

TNLA ကို နမ့်ဆန်၊ မန်တုံအထိ စစ်ကောင်စီ တပ်ဆုတ်ခိုင်း၍ ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံး

0
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့သော်လည်း ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်...

ကိုးကန့်ကျားဖြန့်ဂိုဏ်းနှင့် ဆက်နွှယ်သူများကို တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေး

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’ မိသားစုများနှင့် ဆက်နွှယ်သူ (၂၃) ဦးကို ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီ (၁၄) ရက်မှ (၁၉) ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Wenzhou...