သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား ချက်ချင်းပြန်ပို့ရန် ပေကျင်းဘက်က ဘန်ကောက်အစိုးရအပေါ် ဖိအားပေးနေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) နှင့် Safeguard Defenders အဖွဲ့တို့က ဗုဒ္ဓဟူးနေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

၎င်းသည် သတင်းဖော်ထုတ်မှုကြောင့် အာဏာပိုင်များ၏ စောင့်ကြည့်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းနှင့် ဖမ်းဆီးခြင်းများ ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့သူ ဖြစ်သည်။ ဂျာနယ်လစ် ပိုင် ကို ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ရှိတွင် ဘန်ကောက်မြို့ စွမ်းပလူး (Suan Phlu) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနသို့ စာဖြင့်ပြန်လည်ဖြေကြားရာတွင် ‘ပိုင်’ သည် အစိုးရဝန်ထမ်းမဟုတ်သူတစ်ဦးထံမှ ငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု သံသယရှိကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံသို့ ဝရမ်းတောင်းခံစာ တင်သွင်းထားခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း Safeguard Defenders အဖွဲ့မှ ဒါရိုက်တာ လော်ရာ ဟာ့တ် က “နိုင်ငံရေးအရ ဖိနှိပ်မှုတွေကြောင့် ရှာဖွေခံနေရသူတွေကို အတင်းအဓမ္မ ပြန်လည်လွှဲပြောင်းပေးဖို့ တရုတ်နိုင်ငံဘက်က ပေးလာတဲ့ ဖိအားတွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ ကြံ့ကြံ့ခံရမှာဖြစ်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်း ညှင်းပန်းနှိပ်စက်မှု ပိတ်ပင်တားဆီးရေး ကတိကဝတ်တွေကို လိုက်နာရပါမယ်” ဟု တိုက်တွန်းထားသည်။

သတင်းထောက် ‘ပိုင်’ အပြင် ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကျန်းရှင်းယန့် (Zhang Xinyan) ကိုလည်း ကနေဒါနိုင်ငံသို့ ဒုက္ခသည်အစီအစဉ်ဖြင့် မထွက်ခွာမီ နာရီပိုင်းအလိုတွင် ဖမ်းဆီးခဲ့ပြီး ထိုထိန်းသိမ်းရေးစင်တာတွင်ပဲ ဖမ်းဆီးထားကြောင်း သိရသည်။

အသက် ၅၅ နှစ်အရွယ်ရှိ မစ္စကျန်းသည် ပေကျင်းက ပြဌာန်းထားသည့် အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည့် ပြည်ပအခြေစိုက် တက်ကြွလှုပ်ရှားသူ ၁၉ ဦးအနက် တစ်ဦးဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာ့အရေးသုတေသီနှင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမင်းဇင်ကိုလည်း တရုတ်နိုင်ငံသို့ ဆွေးနွေးပွဲသွားရောက်စဉ် ကူမင်းလေဆိပ်၌ ဖမ်းဆီးခဲ့သည်။

မြန်မာလူမျိုး အမေရိကန်နိုင်ငံသားဖြစ်သူ ဦးမင်းဇင်အား တရုတ်မှ သူလျှိုလုပ်မှုနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှုတို့ဖြင့် တရားဝင်ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ မန်နေဂျာ အလက်ဇန္ဒြာ ဘီလာကိုစကာ (Aleksandra Bielakowska) က တရုတ်အစိုးရသည် လက်ရှိတွင် ဂျာနယ်လစ် ၁၂၀ ဦး အထိ ဖမ်းဆီးထားပြီး ကမ္ဘာပေါ်၌ သတင်းထောက်များကို အများဆုံး ဖမ်းဆီး ထောင်ချထားသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားထားသည်။

ကိုးကား – Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...

TNLA ကို နမ့်ဆန်၊ မန်တုံအထိ စစ်ကောင်စီ တပ်ဆုတ်ခိုင်း၍ ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံး

0
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့သော်လည်း ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်...