Tuesday, January 27, 2026

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒြာမိုဒီ တို့ သီးသန့်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် မြေရှားသတ္တု တူးဖော်ရေး အပါအဝင် ကုန်သွယ်ရေး၊ စွမ်းအင်နှင့် လုံခြုံရေးကဏ္ဍများတွင် ဆက်ဆံရေး တိုးမြင့်ရန် သဘောတူခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ခဲ့ပြီး စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်သွားမည်ဟုလည်း ဆိုထားသည်။

စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တရုတ်နိုင်ငံ၌ တွေ့ဆုံစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် မြေရှားသတ္တုကို ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ဒေသများ၊ သျှမ်းပြည်အရှေ့ပိုင်းရှိ ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ဒေသများတွင် အကြီးအကျယ် တူးဖော်နေကြပြီး တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချလျက် ရှိသော်လည်း စစ်ကော်မရှင်က ၎င်းတို့ကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်တွင် စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့စဉ်ကလည်း ပိုးလမ်းမစီမံကိန်း OBOR နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ၌ ပါဝင်သည့် စီမံကိန်းများကို အရှိန်အဟုန် မြှင့်တင်ရေး၊ သဘာဝ သယံဇာတနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ တွေ့ဆုံဆွေးနွေးစဉ်

ထို့အပြင် တရုတ်ထံမှ ဂြိုလ်တုနည်းပညာ ရရှိရေးအတွက်လည်း စစ်ခေါင်းဆောင်နှင့် ဝူဟန်တက္ကသိုလ် ဒုတိယ အဓိပတိ တို့ တွေ့ဆုံချိန်၌ ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားပြီး ဆိပ်ကမ်းမြို့သို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုထားသည်။

တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် မူဆယ်မြို့မှ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်နိုင်ငံတွင် ဆောက်လုပ်နေသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

အလားတူ ယနေ့ (စက်တင်ဘာလ ၁ ရက်) တွင်လည်း စစ်ခေါင်းဆောင်သည် လာအိုသမ္မတနှင့် တရုတ်နိုင်ငံတွင် သီးသန့်တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်နှင့် လာအိုသမ္မတ တွေ့ဆုံဆွေးနွေးစဉ်

စစ်ခေါင်းဆောင်သည် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပနေသည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေကြခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်နယ်မြေထဲ လေကြောင်းဗုံးဆက်တိုက်ကြဲ

0
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့သို့ လေကြောင်းဗုံးဖြင့် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် စစ်ကော်မရှင်တပ်သည် တအာင်း(ပလောင်)...

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...

နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူလူထု သတ်ဖြတ်ခံရမှု ရွှေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်ဟု စစ်ခေါင်းဆောင်ပြော

0
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများ ရွေးကောက်ပွဲ ကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း...