တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ တရားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟူဝေလီ (Hu Weilie) က အဆိုပါဥပဒေအား ဝေဖန်မှုများအပေါ် ကာကွယ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုဥပဒေကို ပြီးခဲ့သည့် မတ်လက အတည်ပြုခဲ့ခြင်းဖြစ်ပြီး လာမည့် ဇူလိုင်လ ၁ ရက်တွင် စတင်သက်ရောက်တော့မည် ဖြစ်သည်။

ဥပဒေတွင်းပါရှိသော အပိုဒ်ခွဲတစ်ခုအရ တရုတ်နိုင်ငံပြင်ပရှိ မည်သူမဆို “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှု” ကို ထိခိုက်ပျက်ပြားစေရန် လုပ်ဆောင်ခြင်း သို့မဟုတ် လူမျိုးရေးခွဲထွက်ရေးဝါဒကို လှုံ့ဆော်ခြင်းများ ပြုလုပ််လျှင် ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူမည်ဟု ပြဋ္ဌာန်းထားခြင်းကြောင့် ပြည်ပနိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များအကြား ဝေဖန်မှုများ ပြင်းထန်နေချိန်တွင် တရုတ်အာဏာပိုင်များက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ၌ ဒုတိယဝန်ကြီးက ပြည်ပရောက်ပုဂ္ဂိုလ်များအပေါ် အရေးယူနိုင်သည့် ပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ ဝေဖန်မှုများသည် ဥပဒေကို နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ဒီပြဋ္ဌာန်းချက်ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားရေးအခြေအနေတွေအပေါ် မူတည်ပြီး ရေးဆွဲထားတာဖြစ်ပြီး၊ ဥပဒေရေးရာအခြေခံမူတွေ၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါဟာ တရားဝင်ဖြစ်ပြီး၊ ဥပဒေနဲ့အညီ အမှန်တကယ်လိုအပ်တဲ့ လက်တွေ့လုပ်ဆောင်နိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက်တစ်ခု ဖြစ်တယ်” ဟု ဟူဝေလီ က ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် ပြည်တွင်းဥပဒေပြုမှုများမှတစ်ဆင့် ခွဲထွက်ရေးလှုပ်ရှားမှုများကို တားဆီးရန်နှင့် လူမှုအဖွဲ့အစည်းတည်ငြိမ်အောင် ထိန်းသိမ်းပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ယခုဥပဒေသည် တရုတ်နိုင်ငံပြင်ပမှ မြစ်ဖျားခံလာသည့် တရားမဝင်လှုပ်ရှားမှုများကို ကာကွယ်ရန် ဥပဒေကြောင်းအရ အစီအမံများကို အသုံးပြုခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ထိုဥပဒေကို ကျင့်သုံးခြင်းဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်မည့်အပြင်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ဥပဒေကြောင်းအရ ရရှိပိုင်ခွင့်များကိုပါ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

သို့သော်လည်း ယခုဥပဒေသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများ၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် လူထုအခြေပြု ပုံမှန်ကူးလူးဆက်ဆံမှုများကိုမူ ထိခိုက်စေမည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသွားခဲ့သည်။

ဆက်လက်ပြီး တရုတ်နိုင်ငံက ပြည်ပရောက်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ အချုပ်အခြာအာဏာအကြောင်းပြ၍ ဥပဒေကြောင်းအရ ဖြန့်ကျက်အရေးယူနိုင်မည့် ဥပဒေများ တိုးမြှင့်ပြဋ္ဌာန်းလာခြင်းသည် မြန်မာ့အရေးနှင့် တိုင်းရင်းသားရေးရာများကို လေ့လာစောင့်ကြည့်နေသည့် သုတေသနအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ဖိအားနှင့် စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

အထူးသဖြင့် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက မြန်မာလူမျိုး အမေရိကန်နိုင်ငံသား၊ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဖြစ်စဉ်နောက်ပိုင်းတွင် တရုတ်၏ နယ်စပ်ဖြတ်ကျော် လွှမ်းမိုးမှုများနှင့် ပြည်ပအခြေစိုက် သုတေသီများအပေါ် ဖိအားပေးမှု အကြောင်းအရာများသည် ပိုမိုထင်ရှားလာခဲ့သည်။

လေ့လာဆန်းစစ်သူများ၏ သုံးသပ်ချက်အရ ယခုကဲ့သို့သော ဥပဒေပြဋ္ဌာန်းချက်များသည် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EROs) အပေါ် တရုတ်၏ မူဝါဒများကို လွတ်လပ်စွာ ဝေဖန်ထောက်ပြနေသည့် သုတေသနလုပ်ငန်းများ၊ ပညာရှင်များနှင့် သတင်းမီဒီယာနယ်ပယ်များအပေါ် တရားဝင်အကာအကွယ်ယူ၍ ပိုမိုခြိမ်းခြောက် နှိပ်ကွပ်လာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ကိုးကား – China News, Khaosod English

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...

TNLA ကို နမ့်ဆန်၊ မန်တုံအထိ စစ်ကောင်စီ တပ်ဆုတ်ခိုင်း၍ ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံး

0
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့သော်လည်း ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်...

ကိုးကန့်ကျားဖြန့်ဂိုဏ်းနှင့် ဆက်နွှယ်သူများကို တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေး

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’ မိသားစုများနှင့် ဆက်နွှယ်သူ (၂၃) ဦးကို ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီ (၁၄) ရက်မှ (၁၉) ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Wenzhou...