စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။

လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း အခမ်းအနားသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တက်ရောက်မည့် ပြည်ပနိုင်ငံ အကြီးအကဲ (၂၆) ဦး စာရင်းထဲတွင် စစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံ ယာယီသမ္မတ အဖြစ် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

ထိုထဲတွင် အာဆီယံနိုင်ငံများမှ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ သီးသန့် တွေ့ဆုံရန်ရှိကြောင်း စစ်ကော်မရှင်ဘက်ကလည်း ယနေ့ (ဩဂုတ်လ ၂၈ ရက်)တွင် ထုတ်ပြန်ထားသည်။

အလားတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကိုလည်း တူရကီ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယားတို့နှင့်အတူ မြန်မာနိုင်ငံမှ ဆွေးနွေးဖက်နိုင်ငံအဖြစ် စစ်ခေါင်းဆောင်က ဦးစွာ တက်ရောက်မည်ပြီး ဩဂုတ်လ (၃၁) ရက်မှ စက်တင်ဘာလ (၁) ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်မည်ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၉ ရက် ရုရှားခရီးစဉ်အတွင်း မော်စကိုမြို့၌ စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပုံစာ – မေလ ၉ ရက် ရုရှားခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ တွေ့ဆုံစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...