Tuesday, April 30, 2024

ကလောမြို့ရှိ စစ်တပ်လုံခြုံရေးကင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်သားတစ်ချို့ ဒဏ်ရာရရှိ

Must read

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အင်းပြင်ရွာတွင် ရှိသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂ လုံခြုံရေးကင်းတဲ (ဂိတ်) ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသည့် စစ်သားများလည်း ရှိနေကြောင်း သတင်းသိရသည်။

ကလော

ယမန်နေ့ (မတ် ၁၆)ရက် နေ့လည် ၁ နာရီဝန်းကျင် ကလောမြို့ အင်းပြင်ရွာရှိ တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂ လုံခြုံရေးကင်းမှ ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ယင်းနေရာမှ စစ်ကားတစ်စီး အရှိန်ပြင်းပြင်း မောင်းထွက်လာကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေ့လယ် ၁ နာရီလောက်က ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်၊ တစ်ချက်လောက်ပဲ၊ အဲ့ဂိတ်တဲထဲမှာ စောင့်နေတဲ့ စစ်သားတွေ ထိသွားတယ်၊ တစ်ယောက်တော့ ဒဏ်ရာပြင်းလို့ စစ်ဆေးရုံကို အမြန်ပို့ပေးတာတဲ့၊ အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်တဲ့ကားတစ်စီးကိုလည်း တွေ့မိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယင်းဗုံးခွဲတိုက်ခိုက်မှုကို အောင်ပန်းမြို့ပြပြောက်ကျားတပ်စု (UTF-ABN)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း (UTF-ABN)က ၎င်းတို့ page စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

အောင်ပန်းမြို့ပြပြောက်ကျားတပ်စု (UTF-ABN)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့ကလည်း အောင်ပန်းလျှပ်စစ်မီတာရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article