Tuesday, April 30, 2024

မုံးကိုး စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာနေဆဲ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်မှ စစ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။

မုံးကိုး

လွန်ခဲ့သည့် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီဘက်မှ စစ်ကူအင်အား၊ လက်နက်အင်အား၊ အစားအသောက်အပြည့်ဖြင့် ကား အစီး ၃၀ ထက်မနည်း မုံးကိုးမြို့နယ်ဘက်သို့ ဦးတည်သွားနေကြောင်း ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဖြတ်သွားတဲ့ ကား ၃၃ စီးလောက်ရှိတယ်။ လူအင်အားတော့ ဘယ်လောက်ရှိမလဲမသိဘူး။ ကားပေါ်တော့ စစ်သားအကုန်အပြည့်ဘဲ။ စားစရာတွေကော၊ လက်နက်ကော၊ လူတွေ ကားအစီးအတိုင်းအပြည့်ပဲ။ မုံးကိုးဘက်ကို သွားတာ ” ဟု ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့ ၂၀၂၁ နှစ်လယ်ပိုင်းက စကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်း မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ရေးအရ တင်းမာမှုရှိနေကြာင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article