Wednesday, January 28, 2026

သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန် ရရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယာခင်းထဲ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်းသတင်းသိရသည်။

ယမန် (မတ်လ ၁၈) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကြံခင်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦး ယာခင်းသို့သွားစဥ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဥ်များကို သိရှိရသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့ရဲ့ ယာခင်းကလည်း နည်းနည်းဝေးတယ်၊ ပရဟိတသမားတွေ ရောက်သွားချိန်မှာ ဒဏ်ရာကသွေးတွေလည်း အရမ်းထွက်နေပြီ ယင်ကောင်တောင်လာဝဲတဲ့အထိတဲ့၊ သူ့ရဲ့ညခြေထာက်ကို ထိထားတာ ဒဏ်ရာတော်တော်ပြင်းထန်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

မိုင်းထိလူနာသည် ကြံခင်းရွာသား အသက် ၂၂ အရွယ် စိုင်းအောင်ကျန် ဖြစ်ပြီး ဘော်ကြိုကြက်ခြေနီ ဘော်ကြို ပရဟိတ အဖွဲ့မှ သွားရောက်ကူညီသယ်ဆောင်ကာ သီပေါမြို့မဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်သဖြင့် လားရှိုးဆေးရုံကြီးသို့ လွှဲပြောင်းပေးရကြောင်း ၎င်းကဆက်ပြောသည်။

“အခုတော့ လားရှိုးဆေးရုံကြီးကို လွှဲပြောင်းပေးလိုက်ပြီ၊ ဒဏ်ရာအသေးစိတ်အခြေအနေတော့ မသိရသေးဘူး၊ ပြီးတော့နောက်တစ်ခု သူတို့ရဲ့ ဆေးကုသမှုစရိတ်ပေါ့၊ သူတို့ကလည်း တောင်သူတွေပဲဆိုတော့ ဆေးကုသမှု စရိတ်အတွက်က ခက်ခဲမှာအမှန်ပဲ” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြေမြုပ်မိုင်းနှင့် မိုင်းများ ထောင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မိမိတို့တပ်ဖွဲ့ ထောင် ထား သည့် မိုင်းများပြန်ဖြုတ်ပေးရန် နှင့် မိုင်းရှိသည့် နေရာများကိုလည်း အသိပေးရန် သို့မဟုတ် အမှတ်အသား များ ပြုလုပ်ပေးရန်တောင်းဆိုလိုကြောင်း ဒေသခံများက ပြောသည်။
“အရင်တုန်းက တိုက်ပွဲတွေဖြစ်နေလို့ မိုင်းတွေထောင်ထားတယ်ဆိုလည်း အခုက တိုက်ပွဲမရှိတော့ဘူးလေ၊ မိုင်းတွေ ပြန်လာဖြုတ်ပေးသင့်တယ်၊ ရွာသားတွေကို အသိပေးသင့်တယ်၊ အခုအတိုင်းဆိုပြည်သူတွေရဲ့နေရာကို မိုင်းထောင်တယ် ပြည်သူတွေ မိုင်းနင်းမိနေရတယ်၊ ဒါမဖြစ်သင့်ဘူး” ဟု သီပေါမြို့နယ်မှ စစ်ရှောင်များကို ကူညီနေသူ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်အပါအဝင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတော်တော် များများတွင် မြေမြှုပ်မိုင်းများကို အသုံးပြုမှုရှိခဲ့ကြပြီး ပြန်ထွက်ခွာချိန်တွင် မိုင်းများကို ပြန်လည်ရုတ်သိမ်းပေးမှု မရှိသောကြောင့် ပြည်သူများက မြေစာပင်အဖြစ် မိုင်းနင်းမိ ထိခိုက်ဒဏ်ရာ သေဆုံးမှုများရှိနေကြသည်။

ထိုသို့‌ သေဆုံးမှုများရှိနေသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...