Wednesday, January 28, 2026

တာချီလိတ်မြို့သို့ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ်လာသည့်ရက် စျေးဆိုင်(၃)ရက် ပိတ်ရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ရောက်ရှိလာမည်ဖြစ်သဖြင့် ပျံကျ စျေးသည်များ စျေးဆိုင် (၃)ရက် ပိတ်ထားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်မြို့

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအရှေ့ဘက်၊ အမှတ် (၁)နှင့် (၂)တံတား၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်ရှိ အစားအသောက်ရောင်းချမည့် ပျံကျစျေးသည်များ ပိတ်ထားရမည်ဖြစ်ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးထံမှ သိရသည်။

“မနေ့ညက ရဲတွေလည်း ရှုပ်နေတာ၊ ကျမစိတ်ထဲတောင်ပြောသေးတယ်။ ဘယ်သူလာမလဲလို့ လမ်းတွေလည်း ရှင်းနေတာပဲ။ လူတွေလည်းသိပ်မရှိဘူး။ ဆိုင်ခန်းတွေတော့ မပိတ်ရဘူး။ လမ်းဘေးစျေးသည်တွေကို ပိတ်ခိုင်းထားတာ” ဟု တာချီလိတ်ဒေသခံ ကုန်စုံဆိုင်ရောင်းသူ အမျိုးသမီး တစ်ဦးက ပြောသည်။

မတ်လ (၂၀)ရက်မှ မတ် (၂၂)ရက်ထိ (၃)ရက် ပိတ်ထားရမည်ဖြစ်သည့်အတွက် ယခုကာလသည် ရှာဖွေစားသောက်မှု ခက်ခဲနေသည့်ကြား စျေးဆိုင်များပါ ပိတ်ထားရသဖြင့် ပျံကျစျေးသည်များ အခက်ခဲများစွာ ကြုံတွေ့နေရကြောင်း ပျံကျစျေးသည် အမျိုးသမီး တစ်ဦးက ပြောသည်။

“ဒီလို ကာလမှာ အားလုံးက ခက်ခဲနေကြတယ်။ ဆိုင်တွေ ထပ်ပိတ်ရတော့ ပိုခက်ခဲသွားတယ်။ ကုန်စျေးနှုန်းတွေလည်း စျေးတက် ဆီစျေးတွေ ဘာတွေ အကုန်တက်နေတယ်” ဟု ပျံကျံစျေးသည်တစ်ဦးက ပြောသည်။

မတ်လ (၂၁)ရက်နေ့တွင် ပြုလုပ်နေသည့် တာချီလိတ်မြို့ အားကစားပွဲတော် ဖွင့်ပွဲ တက်ရောက်ရန်အတွက် စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် မတ်လ (၁၉)ရက်နေ့ ည (၁၀)နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စစ်တပ်နှင့် နီးစပ်သည့် လုပ်ငန်းရှင်အများစုမှာ သေနတ်များကိုင်ဆောင်ခွင့်ရခြင်း၊ မကြာခဏ လုယက်မှုဖြစ်ပွားခြင်းနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...