သျှမ်းပြည်အရှေ့ပိုင်း မိုင်းခုတ်မြို့နယ် မိုင်းနင်းကျေးရွာအုပ်စု ဝမ်လုံ (၁) ကျေးရွာတွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ် (၂၄) လုံး မီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။

မတ်လ (၂၀) ရက် မနက် (၄) နာရီခန့် တွင် ဝက်အစာတည်ထားရင်း မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း မိုင်းနင်းကျေးရွာခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။
“အခုသူတို့ရွာထဲမှာရှိတဲ့ အမျိုးအိမ်တွေမှာ နည်းနည်းကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေအိမ်တွေမှာ နေကြတယ်။ ဌာနဆိုင်ရာ တွက်ချက်မှုအရ ဆုံးရှုံးတန်ဖိုးက (၇၄) သိန်း လောက်ရှိထားတယ်” ဟု မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာလွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။
အဆိုပါ မီးလောင်သွားသည့် နေအိမ်များသည် သွပ်မိုး နှင့် ပျဉ်ထောင်အိမ်များ ဖြစ်ကြပြီး မီးကူးစက်သွားသဖြင့် နေအိမ် (၂၄) လုံး ပြာကျသွားကြောင်း ၎င်းက ဆက်ပြောသည်။
“စားသောက်ဖို့တော့ နည်းနည်းလိုအပ်သေးတယ်။ ဒီ ၁ ရက် ၂ ရက်အတွင်း သူတို့ ဝါးတွေနဲ့ ပြန်ဆောက်နေပါပြီ” ဟု ဦးအာလွန် ကပြောသည်။မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း၊ မနက် (၅) နာရီခွဲခန့် မီးငြိမ်းသတ်နိုင်ခဲ့ပြီး အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၃၄) ဦး ခက်ခဲနေကြောင်း သိရှိရသည်။











Leave a Comments