CATEGORY

သတင်း

တိုင်းရင်းသားချင်းချင်း ပစ်ခတ်မှုသည် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဟန့်တားနေသူ ဟု SWAN ပြောဆို

သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများသည် ပြည်သူလူထုတို့အတွက် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးတို့ကိုအကြောင်းပြပြီး အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကာ ပြည်သူလူထုတို့ လိုလား တောင့်တသည့် တည်ငြိမ်းအေးချမ်းရေးအတွက် နှောက်ယှက်ဟန့်တားနေကြောင်း SWAN က ပြောဆို လိုက်သည်။ ထိုပြောဆိုချက်သည် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN ) ဖွဲ့စည်းတည်ထောင်ခြင်း (၂၃) နှစ် ပြည့်...

စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းနည်းပါးလာ သျှမ်းပြည်အတွင်းရှိ သတ္တုတွင်းတွေကို တူးခွင့်ပြုနေ

မြန်မာနိုင်ငံတွင်း စီးပွားရေးကျဆင်းလာပြီး စစ်ကောင်စီက ဝင်ငွေရလမ်းကြောင်း နည်းပါးလာတာကြောင့် သျှမ်းပြည်အတွင်းရှိ သတ္တုတွင်း၊ ကျောက်မီးသွေးတွင်းများကို တရားဝင် တူးခွင့်ပြုပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို့ကြောင့် သျှမ်းပြည်အတွင်းရှိ ကျောက်မီးသွေးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်က တူးဖော်ခွင့်ပြုခဲ့ပြီး တွင်းဟောင်းများကိုလည်း ပြန်လည်တူးဖော်ခွင့်ပေးခဲ့ကြောင်း သျှမ်းပြည် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ လှုပ်ရှားသူများက ပြောဆိုလိုက်သည်။ “သူတို့ခွင့်ပြုပေးခဲ့တာကကြာပြီလေ။ ဒီ...

ရွာငံမြို့နယ် တိမ်းရှောင်ပြည်သူများ အိမ်ပြန်လာရန် စစ်ကောင်စီ ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲယင်တောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများကို အိမ်ပြန်လာရန် စစ်ကောင်စီတို့က ပြောဆိုခြိမ်းခြောက်ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့ရှိ ပဲယင်တောင်ကျေးရွာအတွင်းသို့ မတ် ၂၄ ရက်တွင် စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများ အိမ်ပြန်လာကြရန်နှင့် တစ်ပတ်အတွင်းမရောက်ရှိပါက လူမရှိသည့် နေအိမ်များကို သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား...

နမ္မတူမြို့နယ် ရှရှားတောင်အနီး ပစ်ခတ်မှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း ရှရှားတောင် အနီးတစ်ဝိုက်တွင် လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် ဘော်တွင်း နှင့် ရုရှားတောင် အနီးတစ်ဝိုက် တွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး လက်နက်ကြီးပစ်ခတ်သံများပါ ကြားရကြောင်း နမ္မတူမြို့ခံ တစ်ဦးက...

မူဆယ်မြို့နယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ စစ်ဆေးမှုပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တော်ရွက်ကျေးရွာအုပ်စု ဟိုဆောင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက လမ်းသွားလမ်းလာများအား စစ်ဆေးမှု ပြုလုပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လအတွင်းမှစပြီး မူဆယ်မြို့ ဟိုဆောင်ကျေးရွာထိပ်နှင့် မင်္ဂလာမူဆယ်အဝင်ပေါက်တို့တွင် ပြည်သူ့စစ်များ စစ်ဆေးနေကြောင်း၊ ထိုနေရာတွင် စစ်ကောင်စီပိုင် Mytel တာဝါတိုင်ရှိထားကြောင်းလည်း မူဆယ်မြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့...

မူဆယ်မြို့နယ် KIA ဆက်ကြေးကောက် ကြံကားများအခက်တွေ့နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ဆက်ကြေးကောက်ခံသဖြင့် ကြံစိုက်တောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မတ် (၂၈)ရက် မနက် (၁၀)နာရီခန့်က (KIA) စစ်တပ်ဘက်မှ လူအင်အား (၁၀)ဦးရှိပြီး ဖြတ်သွားသည့် (၁၂)ဘီးကား တစ်စီးလျှင် နှစ်သိန်းငါးသောင်း၊ (၁၀)ဘီးကား တစ်စီးလျှင်...

သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ အကြောင်းပြ အိမ်ထောင်စုစာရင်း လိုက်လံကောက်နေ

သျှမ်းပြည်အတွင်း စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး အိမ်ထောင်စု စာရင်းများကို လိုက်လံကောက် စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က ယခု မတ်လအတွင်း အိမ်ထောင်စုတွင်းရှိ လူစာရင်းများကို လိုက်လံ ကောက်ယူနေကြောင်း နမ့်လန်မြို့...

နမ့်ခမ်းမြို့ သင်္ချိုင်း အုတ်ဂူများ ဖျက်ဆီး သံများခိုးယူသွား

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတစ်ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူများက အုတ်ဂူများကို ဖျက်ဆီးပြီး သံများကို ခိုးယူသွားကြကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူ များပြားလာပြီး သင်္ချိုင်းအုတ်ဂူ (၁၀)ခုကျော် ဖျက်ဆီးသွားကြောင်း ယမန်နေ့ (မတ် ၂၈ ရက်) သွားရောက် ဖမ်းဆီးသူထဲမှ တာဝန်ရှိသူတစ်ဦးက...

မုံးကိုး စစ်ရှောင် ၈၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သတင်းသိရသည်။ မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရောက်ရှိလာသည့် ကျေးရွာ ၇ ရွာမှ ဒေသခံများအတွက် ဆန် နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မုံးကိုးမြို့က ဘာသာရေးကျောင်းတွေ၊...

ရွာငံမြို့နယ် လူမနေသည့်အိမ် စစ်ကောင်စီ ဖောက်ထွင်း ပစ္စည်းများ ယူဆောင်သွား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင် လူမနေထိုင်သည့် နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ပဲရင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ့နေအိမ်များနှင့် ကြောက်လန့်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ့နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို...

Latest news