Wednesday, January 28, 2026

ရွာငံမြို့နယ် လူမနေသည့်အိမ် စစ်ကောင်စီ ဖောက်ထွင်း ပစ္စည်းများ ယူဆောင်သွား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင် လူမနေထိုင်သည့် နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ပဲရင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ့နေအိမ်များနှင့် ကြောက်လန့်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ့နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့မှာ ပစ်ခတ်မှုဖြစ်သွားတယ်၊ အဲ့ကြောင့် တချို့ရွာသားတွေက တခြားရွာတွေဘက်ကို စစ်ရှောင်သွားနေတယ်၊ တချို့ကလည်း အဖမ်းခံရမှာ ကြောက်လို့ ထွက်ပြေးနေတာလည်းပါတာပေါ့၊ အဲ့ဒါ လူမရှိတဲ့ နေအိမ်တွေကို စစ်သားတွေက သော့ဖျက်ပြီး အိမ်တွင်းပစ္စည်းတွေ ဝင်ယူသွားတယ်” ဟု ပဲရင်းတောင်ကျေးရွာမှ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖောက်ထွင်းခံရသည့် ပြည်သူ့နေအိမ် အနည်းဆုံး ၅ လုံးခန့် ရှိနေပြီး အများစုမှာ တိုက်အိမ်နှင့် စီးပွားရေးအသင့်အသင့်ရှိသည့် အိမ်များကို စစ်သားတို့က ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူသွားကြောင်း သိရသည်။

“ဆန်တွေ၊ ဆီပုံးတွေ၊ ပျိုးစေ့အိတ်တွေကို သယ်ထုတ်တာ တွေ့ရတယ်၊ ပြီးတော့ သူများရဲ့ သေတ္တာကို ဖျက်ပြီး ရွှေတွေ ငွေတွေလည်း ယူသေးတယ်၊ တခြားတန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူသွားမယ်ထင်တာပဲ၊ အဲ့လို အဖောက်ခံရတဲ့ နေအိမ်က အနည်းဆုံး ၅ လုံးလောက်ရှိတယ်” ဟု ပဲရင်းတောင်မှ ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။

ပဲရင်းတောင်ကျေးရွာအတွင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဆက်စပ်သူတို့ ရှိနေသည့် သံသယဖြင့် ဒေသခံရွာသားများကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့ မတ်လ ၂၆ ရက်နေ့တွင်လည်း ရွာငံမြို့နယ်ရှိ နန်းခုန်ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်သားတို့က တစ်အိမ်ချင်းလိုက်လံစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...