Friday, May 17, 2024

နေအိမ်ဖောက်ထွင်း

မိုးမိတ်မြို့နယ် စစ်ရှောင်များနေအိမ် ဖောက်ထွင်း ခိုးယူခံရ

သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရသည့် ဒေသခံများ၏ နေအိမ်များသည် ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း စစ်ရေးတင်းမာမှု ရှိနေသေးသည့် အခြေအနေများကြောင့် နေရပ်မပြန် ရဲကြသေးသည့် မိုးမိတ် ဒေသခံ စစ်ဘေးရှောင်များ၏ နေအိမ်သည် ဖောက်ထွင်းခံရပြီး ပစ္စည်းများခိုးယူခံရခြင်း ဖြစ်ကြောင်း ဖြစ်စဥ်ကို သိရှိသည့်...

မူဆယ်မြို့ တစ်လအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခံရ

သျှမ်းပြည် မူဆယ်မြို့ အောက်တိုဘာလအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခိုးယူမှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့တွင် အမည်မသိ အမျိုးသားသုံးဦး သည် အဖြူရောင် (Crown) ကား ဖြင့် ရပ်ကွက်တိုင်းနီးပါးရှိ ပြည်သူ့နေအိမ်များကို အောက်တိုဘာလအတွင်း ဝင်ရောက်ဖောက်ထွင်းနေကြောင်း မူဆယ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို...

နောင်လိုင် ကျေးရွာ ၂ လ အတွင်း နေအိမ် ၄ လုံး ဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာအုပ်စုထဲတွင် စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လ အတွင်း နေအိမ် ၄ လုံးထက် မနည်းဖောက်ထွင်းခံရပြီး ငွေကျပ် ၁၀ သိန်း နီးပါး ဆုံးရှုံးမှုရှိကြောင်း သိရသည်။ အဆိုပါ ကျေးရွာသည် လဲချားမြို့ နှင့် ပင်လုံမြို့ကြား...

ရွာငံမြို့နယ် လူမနေသည့်အိမ် စစ်ကောင်စီ ဖောက်ထွင်း ပစ္စည်းများ ယူဆောင်သွား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင် လူမနေထိုင်သည့် နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ပဲရင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ့နေအိမ်များနှင့် ကြောက်လန့်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ့နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို...

ဆီဆိုင်မြို့နယ် နေအိမ်ဖောက်ထွင်းမှု ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားသံကျေးရွာတွင် နေလည်ပိုင်းအချိန်အတွင်း နေအိမ် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၁၃) နေ့လည်ပိုင်းက နားသံကျေးရွာမှာ အိမ်ရှင်များအလုပ်သွားနေသည့်အချိန်တွင် နေအိမ် ဖောက်ထွင်းခိုးယူခံရသောကြောင့် ငွေကြေး သိန်း (၃၀) နှင့်အတူ ရွှေ (၂)ကျပ်သား ခိုးယူခံခဲ့ရကြောင်း သိရသည်။ “အိမ်ထဲမှာရှိတဲ့ ပိုက်ဆံတွေ...

Latest news