Wednesday, January 28, 2026

မူဆယ်မြို့ တစ်လအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခံရ

သျှမ်းပြည် မူဆယ်မြို့ အောက်တိုဘာလအတွင်း နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခိုးယူမှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

သျှမ်းပြည် မူဆယ်မြို့တွင် အမည်မသိ အမျိုးသားသုံးဦး သည် အဖြူရောင် (Crown) ကား ဖြင့် ရပ်ကွက်တိုင်းနီးပါးရှိ ပြည်သူ့နေအိမ်များကို အောက်တိုဘာလအတွင်း ဝင်ရောက်ဖောက်ထွင်းနေကြောင်း မူဆယ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောပြသည်၊။

“ကျမရဲ့ အမနေအိမ်ဝင်တုန်းက အိမ်မှဘယ်သူမှမရှိဘူး။ ကျမတို့ အိမ်ပြန်ရောက်တော့ အဝတ်ဗီဒိုတွေ၊ အခန်းတွေ ရှုပ်ပွထားတာ။ CCTV ကနေ ကြည့်တော့ အဖြူရောင် Crown ကားနဲ့ အမျိုးသား၃ဦးဝင်ပြီး ဖောက်ထွင်းသွားတာ” ဟု မူဆယ်မြို့ တောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက် ည ၆ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် နေအိမ် ကို ဖောက်ထွင်းသွားပြီး အမျိူးသမီးတစ်ဦးကို သေနတ်ဖြင့်ထောက်ပြီး ငွေကျပ် ၅ သိန်းကို ခိုးယူသွားကြောင်း လူအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (အောက်တိုဘာ ၃၀)ရက် နံနက် ၂နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် ကိုလည် နေအိမ်ဖောက်ထွင်းခံရပြီး ဆိုင်ကယ်တစ်စီး ခိုးယူသွားကြောင်း သိရသည်။

ထို အောက်တိုဘာ ၃၀ရက် တစ်ရက်တည်း နေအိမ် (၃)လုံး ဖောက်ထွင်းခံရပြီး၊ ယခု (အောက်တိုဘာလ)အတွင်း ပြည်သူနေအိမ် အလုံး (၂၀)နီးပါး ဖောက်ထွင်းခံရသည်။

“သူတို့ လာဖောက်ထွင်း၊လာခိုးတဲ့အချိန်မှာ အိမ်ထဲမှာ လူရှိနေရင် သေနတ်နဲ့ခြိမ်းခြောက်တယ်။ တရုတ်စကား တွေပဲပြောတယ်။ ဒီဘက်က တရုတ်လေသံတော့ မဟုတ်ဘူး” ဟု မူဆယ်မြို့ မြောက်ရပ်ကွက်နေ အမျိုးသမီးက ဆိုပြန်သည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ လူမျိုးစုံ၊ လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားသည့်နယ်မြေဖြစ်ကာ မကြာခဏ ဓားပြတိုက်ခြင်း၊ လုယက်ခြင်၊ ဒုစရိုက်သမားများပေါများသည့် ဒေသလည်းဖြစ်သည်။

ထို့ကြောင့် မူဆယ်မြို့နေထိုင်သည့် ပြည်သူများသည် အပြင်သွားအလုပ်လုပ်ခြင်း၊ ခရီးသွားခြင်း၊ အလုပ်သွားခြင်းတို့တွင် အိမ်ကို စိတ်မချဘဲစိုးရိမ်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။