Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် နေအိမ်ဖောက်ထွင်းမှု ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားသံကျေးရွာတွင် နေလည်ပိုင်းအချိန်အတွင်း နေအိမ် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၃) နေ့လည်ပိုင်းက နားသံကျေးရွာမှာ အိမ်ရှင်များအလုပ်သွားနေသည့်အချိန်တွင် နေအိမ် ဖောက်ထွင်းခိုးယူခံရသောကြောင့် ငွေကြေး သိန်း (၃၀) နှင့်အတူ ရွှေ (၂)ကျပ်သား ခိုးယူခံခဲ့ရကြောင်း သိရသည်။

“အိမ်ထဲမှာရှိတဲ့ ပိုက်ဆံတွေ အကုန်ခိုးသွားတာ။ ပိုက်ဆံက သိန်း (၃၀)ကျော်တယ်။ ရွှေက ၂ ကျပ်သား ခိုးသွားတာ။ အိမ်ရဲ့ တံခါးတွေ၊ သော့တွေ ဖြတ်ပြီးတော့ ဝင်ခိုးသွားတာ။ ကျမတို့ အလုပ်သွားနေတာ။ သူဘယ်ချိန်လာခိုးသွားလဲ မသိဘူး။ ကျမတို့ အိမ်ပြန်ရောက်တာနဲ့ ပစ္စည်းတွေက အကုန်ပျောက်သွားပြီ” ဟု ခိုးယူခံရသည့် အိမ်ရှင်နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကာလ ကိုဗစ် ၁၉ နှင့် နိုင်ငံရေးအခြေနေ မတည်ငြိမ်မှုကြောင့် စားဝတ်နေရေးခက်ခဲနေချိန်တွင် ခိုးယူခံရသည့်အတွက် ယခင်ထက် ပိုမိုခက်ခဲလာကြောင်း သိရသည်။

“အဲပိုက်ဆံက သူရှိနေတာ အကုန်ဘဲ။ အခုက ကိုဗစ်နဲ့ လုပ်စားရတာခက်တယ်။ အခိုးခံလိုက်ရတော့ ငိုနေတာ။ အဲဒီ ပိုက်ဆံနဲ့ဘဲ ချွေတာ သုံးနေကြတာ။ အခုက ဘာမှ မရှိတော့ဘူး။ အကုန်လုံးပါသွားတော့ ရှေ့ဆက် ဘယ်လို စားသောက်ရမလဲ မသိဘူးဖြစ်နေတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် စီးပွားရေး ယခင်ထက်ပိုမိုကြပ်တည်းလာသောကြောင့် တစ်နေ့ထက် တစ်နေ့ အခြေခံပြည်သူများအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမ္မဂဖွံ့ဖြိုးရေးအစီစဉ် UNDP အစီရင်ခံစာတွင်လည်း ကိုဗစ် ရောဂါနှင့် နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ဆင်းရဲငတ်မွတ်မှုသည် လာမည့်နှစ်မှာ ၃ ဆ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...

PNO မှ အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသည့် ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀)ကျော် အခက်ကြုံနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNO) သည် ဒေသခံ (၆၀၀၀)ကျော်ကို အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသဖြင့် နေရာထိုင်ခင်း ခက်ခဲမှုကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်မှစပြီး ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု နှစ်စုမှ ဒေသခံ (၆၀၀၀)ကျော်ကို PNOမှ အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ခိုင်းခဲ့သည်။ သို့သော်...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ‌တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု တို့ ထိတွေ့တိုက်ပွဲများရှိနေကြာင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့၏ အရှေ့တောင်ဘက် နှင့် အ‌နောက်တောင်ဘက်တို့တွင် စစ်‌ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစုတို့ထိတွေ့တိုက်ပွဲများရှိနေပြီး၊ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA...

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ရွာသူကြီးတစ်ဦး ပိုက်ဆံဖြင့်ပြန်ရွေးရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည်...