PNO မှ အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသည့် ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀)ကျော် အခက်ကြုံနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNO) သည် ဒေသခံ (၆၀၀၀)ကျော်ကို အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသဖြင့် နေရာထိုင်ခင်း ခက်ခဲမှုကြုံနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ (၆)ရက်မှစပြီး ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု နှစ်စုမှ ဒေသခံ (၆၀၀၀)ကျော်ကို PNOမှ အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ခိုင်းခဲ့သည်။

သို့သော် လက်ရှိ အချိန်ကာလသည် စိုက်ပျိုးရေးချိန် ဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ခွင့်ပေးရန် PNO ကို တောင်းပန်ခဲ့ပြီး၊ ယမန်နေ့ (ဇွန် ၃၀)ရက်သည် သတ်မှတ်ရက်ကျော်လွန်ခဲ့သဖြင့် ထွက်ပြေးခဲ့ရသည်။

ထိုထွက်ပြေးလာရသည့် ပြည်သူ(၆၀၀၀)ကျော်သည် ဆီဆိုင်မြို့ပေါ် ဘုရားဖြူကျေးရွာ၊ မွေတော်ဘုရားအနီးနှင့် စခေါ်ခွန်ကျေးရွာရှိ ပြောင်းပွဲရုံ အနီးတွင် နေထိုင်နေရကြောင်း၊ ထိုသူများအတွက် နေရာထိုင်ခင်းများ မလောက်ငှမှု ကြုံနေရကြောင်းလည်း တိမ်းရှောင်လာသူများကို သွားရောက်ကူညီပေးနေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့တွေက တနေရာတည်းမှာ စုနေကြတာမဟုတ်ဘူး။ အချို့ ပိုက်ဆံရှိတဲ့သူဆိုရင် ငှားရမ်းနေကြတယ်။ မရှိတဲ့သူဆိုရင် ကျနော်တို့လုပ်ထားပေးတဲ့ ဇရပ်တွေမှာ နေကြတယ်။ ဆီဆိုင်မြို့ပေါ်ဆိုရင် လူပြည့်နေပြီ။ နေရာထိုင်ခင်းမလောက်ငှဘူး” ဟု ၎င်းအမျိုးသားက ဆိုသည်။

PNOမှ မောင်းထုတ်ခြင်းကိုခံရသည့် ကျေးရွာအုပ်စု နှစ်စုသည် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ, နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ ဒေသခံများဖြစ်ကြသည်။

လက်ရှိအချိန်သည် မိုးရာသီဖြစ်သည့်အလျောက် ထွက်ပြေးလာသည့် ပြည်သူ(၆၀၀၀)ကျော်အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းကဆက်ပြောသည်။

“မိုးရာသီဖြစ်တော့ သွားရေးလာရေး ခက်ခဲတာပေါ့။ နေထိုင်ဖို့အတွက်က နေရာမလောက်ဘူးလေ။ မိုးတွင်းဆိုတော့ တဲလည်း မလုံဘူး။ခြင်ထောင်တွေ လိုအပ်နေတာလည်း ရှိတယ်။တချို့လူတွေက လမ်းမကောင်းတော့ လမ်းတဝက်မှာ ခံနေတဲ့သူလည်းရှိတယ်။ စားစရာတွေအဓိကလိုတာပေါ့။” ဟု ကူညီနေသည့် အမျိုးသားက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး နေရပ်ရွှေ့ပြောင်း ရှောင်တိမ်းနေကြသူများမှာ အမျိုးသမီး၊ ကလေးများနှင့် အသက်ကြီးသည့်သူ အများအပြားပါရှိပြီး အမျိုးသားများနှင့်အတူ ရောနှောနေထိုင်းရသဖြင့် အခက်အခဲဖြစ်နေကြောင်းလည်း ထွက်ပြေးတိမ်းရှောင်လာသည့်အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အမျိုးသမီးနဲ့ ကလေးငယ်တွေ တော်တော်များတယ်။ နောက် အခုက အားလုံးရောနှောနေရတော့ နေထိုင်းရတာ အဆင်မပြေဘူး။ ကျမတို့ကိုလည်း ဘာမှမပြောဘဲနဲ့ ရွာကနေ ဒီနေ့အပြီးထွက်ဆိုပြီးထွက်လာရတာ။ တိုက်ပွဲဖြစ်မှာကြောက်လို့လား။ ဒါမှမဟုတ် PDFတွေ အရပ်သားဝတ်စုံနဲ့ ရွာထဲဝင်နေမှာကြောက်လို့လားမသိပါဘူး” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထို့ပြင် ယခု ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် ဒေသဖြစ်ကာ၊ မိုးရာသီကာလသည် စိုက်ပျိုးချိန်ဖြစ်သော်လည်း စိုက်ခင်းများကို ဆေးဖြန်းရန်အတွက် အချို့အမျိုးသား ကျန်ရှိသကဲ့သို့ အချို့လည်း စိုက်ခင်းကို ပစ်ပြီးထွက်ပြေးလာရကြောင်း သိရသည်။

“ အမျိုးသားတချို့ကတော့ ဆေးဖြန်းဖို့ ကျန်ခဲ့တယ်။ အချို့ကလည်း စိုက်ခင်းကို ပစ်ပြီးထွက်လာကြတယ်။ PNO က ပြောင်းဆိုတော့လည်း အလုပ်တွေအကုန်ပစ်ပြီး ပြောင်းလာကြရတာ။မဲမဲမြင် ရမ်းပစ်ခံရမှာကြောက်လို့။” ဟု ၎င်း ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသားက ဆိုသည်။

လက်ရှိ PNOမှ အကြောင်းပြချက်မရှိဘဲ မောင်းထုတ်လိုက်သည့် ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀)ကျော်ထဲမှ အချို့ သူများသည် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ငှက်ဖျားရောဂါနှင့် အူရောင်ငန်းဖျားရောဂါများဖြစ်ပွားမှုပြီး ဆေးရုံတက် ကုသနေရကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...