Thursday, May 2, 2024

နောင်လိုင် ကျေးရွာ ၂ လ အတွင်း နေအိမ် ၄ လုံး ဖောက်ထွင်းခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာအုပ်စုထဲတွင် စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လ အတွင်း နေအိမ် ၄ လုံးထက် မနည်းဖောက်ထွင်းခံရပြီး ငွေကျပ် ၁၀ သိန်း နီးပါး ဆုံးရှုံးမှုရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် လဲချားမြို့ နှင့် ပင်လုံမြို့ကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး သူခိုးများကလည်း ပြည်သူနေအိမ် မရှိချိန်တွင် ဝင်ရောက်ခိုးယူကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

နေအိမ်ဖောက်ထွင်းခံရ

“၂ လအတွင်းမှာ အိမ် ၄ လုံးလောက် ဖောက်ခံရတယ်။ အဲ့အိမ် ၄ လုံးဆိုရင် ရွှေတစ်ကျပ်သား နဲ့ ငွေ ၁၀ သိန်းလောက်တော့ ပါသွားတယ်။ သူခိုးတွေက သူများ ခြံသွားတဲ့ အချိန်တွေမှာ ဝင်ရောက်လာခိုးတာ။ အလုပ်သွားတဲ့ချိန်တွေမှာ လာခိုးတာ။ ပြီးတော့ သူတို့ ခိုးတဲ့အိမ်က သူများနဲ့ဝေးတဲ့အိမ်၊ ပတ်ဝန်းကျင်မှာ နေအိမ်မရှိတဲ့ အိမ်တွေကို ပိုခိုးတာ။ ကားလမ်းဘေးက အိမ်တွေလည်း ခိုးခံရတယ်” ဟု နောင်လိုင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ သူခိုး များပြားလာသောကြောင့် ပြည်သူများ ကိုယ်တိုင်ကလည်း အလှည့်ကျ ကင်းလှည့်လည်စောင့်ကြည့်နေရကြောင်း အဆိုပါ ဒေသခံက ထပ်လောင်းပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း ပင်လုံမြို့ နောင်ဟူးကျေးရွာသို့ သွားရောက်လည်ပတ်ခဲ့သည့် အမျိုးသမီး ၂ ဦး ဓားပြ တိုက်ခံခဲ့ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article