မူဆယ်မြို့နယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ စစ်ဆေးမှုပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တော်ရွက်ကျေးရွာအုပ်စု ဟိုဆောင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက လမ်းသွားလမ်းလာများအား စစ်ဆေးမှု ပြုလုပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခု မတ်လအတွင်းမှစပြီး မူဆယ်မြို့ ဟိုဆောင်ကျေးရွာထိပ်နှင့် မင်္ဂလာမူဆယ်အဝင်ပေါက်တို့တွင် ပြည်သူ့စစ်များ စစ်ဆေးနေကြောင်း၊ ထိုနေရာတွင် စစ်ကောင်စီပိုင် Mytel တာဝါတိုင်ရှိထားကြောင်းလည်း မူဆယ်မြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဒီ မတ်လ ဒုတိယပတ်ကနေပြီးတော့ စောင့်ကြည့်စစ်ဆေးနေတာ။ ဘယ်သွားဘယ်လာတာတွေစောင့်မေးတာပေါ့။ ပြီးတော့ အဲနားမှာ မိုင်တဲ ဖုန်း တာဝါတိုင် ရှိတယ်လေ။ သူတို့ အဲ့နေရာအတွက် အကာကွယ် လာယူထားပေးတာလား မသိဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုပြည်သူ့စစ်များသည် သွားလာသည့် ပြည်သူများကို မှတ်ပုံတင်စစ်ဆေးနေလျက်ရှိပြီး ခြိမ်းခြောက်မှုများလည်း ရှိနေသဖြင့် ဒေသခံများက သွားလာရန်အတွက် စိုးရိမ်မှုများဖြစ်ရကြောင်း စစ်ဆေးမှုခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ မိသားစု တနေ့က မင်္ဂလာမူဆယ်ဘက်သွားတာ အစစ်ဆေးခံရတာ။ သူတို့ မှတ်ပုံတင်တောင်းကြည့်တယ်။ ကျမတို့မပါသွားဘူး။ လူကြီးနဲ့ ကလေးပါတော့ သူတို့ ကျမတို့ကို ဘာမှတော့ သိပ်မလုပ်ဘူး။ နောက်တစ်ခါ မှတ်ပုံတင်မပါရင်တော့ အရေးယူခံရမယ်လို့ ခြိမ်းခြောက်သေးတယ်။ ည တစ်ယောက်ထဲပဲ သွားလာရင်တော့ ပြန်လွှတ်လာဖို့တော့ ခက်မယ်” ဟု စစ်ဆေးခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုစစ်ဆေးမှု ပြုလုပ်နေသည့် ပြည်သူ့စစ်များ၏ လက်မောင်းသူ နမ့်ခမ်း(၁) ဆိုသည့် တံဆိပ်ပါကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်း ပြည်သူ့စစ်များ စစ်ဆေးနေသည့်အပြင် စစ်ကောင်စီတို့၏ စစ်ဆေးရေးဂိတ်များလည်း များစွာရှိနေကြောင်း သိရသည်။
ထိုစစ်ဆေးရေးဂိတ်များသည် မှတ်ပုံတင်များကို စစ်ဆေးပြီး မပါရှိပါက ငွေကြေးတောင်းယူမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...