သျှမ်းတောင်ထဲရောက် SSPP/SSA တပ်ပြန်ဆုတ်ရန် စစ်ကောင်စီ ပြော
SHAN -
သျှမ်ပြည်တောင်ပိုင်းအတွင်းသို့ ရောက်ရှိနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို တပ်ပြန်ဆုတ်ခွာရန် စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ လက်ရှိ SSPP/SSA သည် မိုင်းရှူးမြို့ သံလွင်မြစ်ကမ်းတစ်လျှောက်နှင့် လွိုင်လင်မြို့နယ် ပင်လုံမြို့ ဆနင်းဒေသ အတွင်းထိ တပ်စခန်းချထားပြီး ထိုတပ်စခန်းများကို ပြန်လည်ဆုတ်ခွာပေးရန် စစ်ကောင်စီက ယမန်နေ့ (မတ်...
မုံးကိုးမြို့နယ် MNDAA နှင့် TNLA တို့ တပ်သားသစ် စုဆောင်း ဒေသခံများ တိမ်းရှောင်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ကျေးရွာများတွင် ကိုးကန့်တပ်ဖွဲ့ ( MNDAA) နှင့် တအာင်း (ပလောင်) TNLA တပ်ဖွဲ့ တို့မှ တပ်သားသစ် ကောက်ယူစုဆောင်းမှုကြောင့် ဒေသခံများက ထွက်ပြေးတိမ်းရှောင် နေရကြောင်း သတင်းသိရသည်။ မုံးကိုးမြို့နယ် ပန်ဆေတိုင်း ကျေးရွာအတွင်းတွင် အသက် ၁၀ နှစ်စွန်းစွန်း ကလေးသူငယ်များအပါအဝင်...
သျှမ်းတောင် စစ်ကောင်စီ စစ်အင်အား ဖြည့်နေ
SHAN -
ပြီးခဲ့သည့် မတ်လကုန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် မိတ္ထီလာမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ် များထံသို့ တပ်သားအင်အား အများအပြား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ မတ်လ ၂၈ ရက်နေ့တွင် စစ်သားအင်အားနှင့် စားနပ်ရိက္ခာ အပြင် လက်နက်များကိုင်ဆောင်ထားသည့် စစ်ကား အစီးရေ ၇၀ ကျော်သည် ကလောမြို့ကို ဖြတ်ပြီး တောင်ကြီးဘက်သို့...
ရပ်စောက်မြို့နယ် နေရပ်မပြန်စစ်ရှောင်များ စားဝတ်နေရေးခက်ခဲနေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းတိုက်နယ်အတွင်း ကျန်ရှိနေသေးသည့် ကျောက်မဲစစ်ရှောင် သက်ကြီးရွယ်အို၊ ကလေး နှင့် အမျိုးသမီးများအတွက် စားဝတ်နေရေးခက်ခဲနေသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုကျန်ရှိနေသည့် စစ်ရှောင်များနေထိုင်သည့်နေရာသည် မြို့နှင့် မိုင် ၅၀ ကွာ၀ေးသဖြင့် အလှူရှင်များလည်း နည်းပါးသောကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း စစ်ဘေးရှောင် ကူညီပေးသူများက ပြောသည်။ “ သူတို့နေတဲ့ နေရာကဝေးတယ်။...
တိုက်ပွဲကြား လူမျိုးရေး ပဋိပက္ခ မီးမတောက်လောင်စေချင်
တအာင်း(ပလောင်) မိသားစုလိုက် သတ်ဖြတ်ခံရပြီး ထိုထဲမှာ အသက် (၇)လ အရွယ် ကလေးငယ်တစ်ဦး ပါတဲ့အတွက် သျှမ်းပြည် တခုလုံးကို တုန်လှုပ်ခြောက်ချားသွားစေပါတယ်။ သျှမ်းပြည်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း စစ်မီးတောက်လောင်မှုတွေ အရှိန်အဟုန် မြင့်တက်နေတဲ့ကြားက မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် တို့ မိသားစု သတ်ဖြတ်ခံရမှုကြောင့်...
ရွာငံမြို့နယ် အမျိုးသားတစ်ဦး အသတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာသို့ အလည်ရောက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် အလယ်ချောင်ကျေးရွာ အနောက်ကုန်း ရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ အလည်ရောက်ရှိနေသည့် စစ်တပ်သတင်းပေး ဟု နာမည်ထွက်နေသည့် အမျိုးသား တစ်ဦး...
ပင်လုံမြို့ မှတ်ပုံတင်လုပ်သူ ငွေကျပ်၂ သောင်းပေးဆောင်ရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အတွင်း မှတ်ပုံတင်လုပ်သူများ တစ်ဦးလျှင် ငွေကျပ် ၂ သောင်း ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လအတွင်း ပင်လုံမြို့တွင်း ကွင်းဆင်းပြီး မှတ်ပုံတင်လုပ်ပေးရာတွင် ရန်ပုံငွေဟု အကြောင်းပြပြီး မှတ်ပုံတင်လာလုပ်သူ တစ်ဦးကို ၁ သောင်းခွဲ မှ ၂ သောင်းကျပ်ထိ ပေးဆောင်ရကြောင်း ပင်လုံမြို့ဒေသခံများက...
ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခဲ့သဖြင့်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ညနေပိုင်းတွင် ကျောက်မဲ စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြို့တွင်း နေရာတော်တော်များများတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ကောင်စီတို့မှ စစ်ဆေးရိုက်နှက်မှု ပြုလုပ်ခဲ့တာဖြစ်ကြောင်း...
ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းတစ်ကြော လူတစ်စု လုယက်ဓားပြ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းတံတားလမ်းအနီးမှ အထက်ရဲရွာ လမ်းပိုင်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများနှင့် ကားသမားများ လုယက်တိုက်ခိုက်ခံရမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့နယ် နောင့်ပြစ်ကျေးရွာအနီး ဖြတ်သန်းသွားလာသည့် ကားသမားများ လုယက်တိုက်ခိုက်ခံရကြောင်း အဆိုပါ အနီးရှိ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ကို လက်နက်ကိုင်လူတစ်စုလို့ပြောဖို့လည်းခက်တယ်၊ ဘာဖြစ်လဲဆိုရင် သူတို့ကလက်နက်ဆိုလို့...
ကျောက်မဲ စည်ပင်ရုံး အနီး ဗုံးပေါက်ကွဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စည်ပင်သာယာရေးရုံးအနီး ယမန်နေ့ (မတ် ၂၉) ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ “ပေါက်ကွဲတာ ဟုတ်တယ်၊ ထိခိုက်မှု ရှိလားတော့ မသိရဘူး၊ ညနေ ၄ ခွဲ ဝန်းကျင်လောက်မှာ ဖြစ်သွားတာ၊ ရုံးနား ဗုံးလာပစ်သွားတာလို့...





