Tuesday, January 27, 2026

ရွာငံမြို့နယ် အမျိုးသားတစ်ဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာသို့ အလည်ရောက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် အလယ်ချောင်ကျေးရွာ အနောက်ကုန်း ရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ အလည်ရောက်ရှိနေသည့် စစ်တပ်သတင်းပေး ဟု နာမည်ထွက်နေသည့် အမျိုးသား တစ်ဦး အသတ်ခံရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့နာမည်က ကိုညီထွေးလို့ ခေါ်တယ်၊ သူက ရွာမရပ်ကွက်ဘက်မှာနေတာ ဒီဘက်ကို (အနောက်ကုန်းရပ်ကွက်) သူ့မိတ်ဆွေအိမ်လာလည်ရင်းနဲ့အသတ်ခံလိုက်ရတာ၊ စစ်တပ်ကို မကြာခဏသတင်းပေးလေ့ရှိလို့ တစ်ရွာလုံးက သူ့ကိုကြောက်နေရတယ်၊ သူသွားလည်တဲ့အိမ်ကလည်း သူ့လိုပဲ စစ်တပ်နဲ့ ဆက်သွယ်မှုရှိတယ်” ဟု အလယ်ချောင်ကျေးရွာမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုညီထွေးသည် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်များဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကားများက ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ဆေးရုံကားမှ အလောင်းကို လာရောက်သယ်ဆောင်သွားကြောင်း သတင်းသိရသည်။

“ဖြစ်စဥ်ဖြစ်သွားပြီးနောက် သိပ်မကြာဘူး စစ်သားတွေ ရောက်လာတယ်၊ အိမ်ရှင်လင်မယားကိုလည်း စစ်ကောင်စီက ဖမ်းသွားတယ်၊ အလောင်းကိုတော့ ဆေးရုံကားလာသယ်သွားတာ တွေ့ရတယ်” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောပြသည်။

ကိုညီထွေးသည် အလယ်ချောင်ကျေးရွာအတွင်း PDF နှင့် ဆက်စပ်ပတ်သက်သူများရှိသည်ဟု စစ်တပ်ကို သတင်းပေးသူဖြစ်ပြီး ၎င်းကို ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG) နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ (၄)မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ကိုညီထွေး အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ရွာငံမြို့ ပြပြောက်ကျား တပ်ဖွဲ့(YUG) နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တို့ကို ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

လက်ရှိ ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီ အင်အား ၁၀၀ ဝန်းကျင်ခန့်က ထပ်မံရောက်ရှိလာပြီး အလယ်ချောင်ကျေးရွာအပါအဝင် တချို့သော ကျေးရွာများနှင့် နေရာတော်တော်များတွင် ဖြန့်ကျက်နေရာယူထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...