ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု ဆို၍ အမည်မသိ လက်နက်ကိုင်အဖွဲ့မှ လာရောက်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ (၁၈)ရက် ညအချိန် မြိုင်ကျေးရွာတွင်လည်း အမျိုးသားတစ်ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုဆိုကာ သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

“ရွာငံမှာက တပတ်တခါလောက် အသတ်ခံနေရတာ၊ စစ်တပ်သွားပြီး တပ်စွဲတဲ့ရွာတိုင်းလိုလို အသတ်ခံရတာ၊ ကျောက်ငှက်ကလည်း ပျူစောထီးတစ်ယောက်နဲ့ ဒလန်တစ်ယောက်ကို ဆွဲခေါ်ပြီး သတ်သွားတာတဲ့ မြိုင်ကျေးရွာမှာလည်း တစ်ယောက် အသတ်ခံရတယ်”ဟု ရွာငံဒေသခံ အသက် (၃၀)ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ အသတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်က ကျေးရွာအတွင်း တပ်စွဲခြင်း၊ အစစ်ဆေးတင်းကြပ်ခြင်း အပြင် ညဘက် ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန်လည်း သတိပေးထားကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် မေလ တစ်လအတွင်း အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ (၉)ဦးကို စစ်တပ်သတင်းပေး ဒလန်ဟုဆို၍ အမည်မသိလက်နက်ကိုင် အဖွဲ့မှ သတ်ဖြတ်သွားခဲ့သည်။

ထို့အပြင် ရွာငံဒေသခံများသည် လုံခြုံရေးအရ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်နေရပြီး စစ်တပ်လာရောက် တပ်စွဲသည့် ကျေးရွာတွင်လည်း ပေါ်တာဆွဲခံရမည်ကိုစိုးရိမ်ခြင်း လူမှားအသတ်ခံရမည်ကို စိုးရိမ်နေကြကြောင်း အသက် (၂၀)ကျော်အရွယ်ရှိ လူငယ်အမျိုးသားတဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုဆို ရွာငံမှာ မကြာခဏ အသတ်ခံရတော့ လန့်တယ်။ လူမှားအသတ်ခံရမှာလည်း ကြောက်တယ်။ စစ်တပ်လာရင်တောင် အိမ်ထဲ အိမ်ပြင်မထွက်ရဲဘူး စစ်သားတွေနဲ့လည်း စကားမပြောရဲဘူး ရွာထဲက အထင်မှားဖြစ်ပြီး သတင်းပေးလိုက်မှာ စိုးရိမ်တယ်။ ဒီခေတ်ကာလ အခြေအနေအရ ပေါ်တာဆွဲခံရမှာလည်း စိုးရိမ်တယ်။ တစ်ခါတလေ ရွာထဲ စစ်တပ်ရောက်လာရင် အိပ်လို့လည်း မပျော်ဘူး အလိုလိုနေရင်း ကြောက်နေရတယ်။”ဟု ၎င်းအမျိုးသားတဦးက ပြောသည်။

စစ်ကော်မရှင်တပ်သားများသည် ရွာငံမြို့မြောက်ဘက် ကျေးရွာများတွင် တပ်စွဲထားပြီး ဒေသခံများ၏ ကားများကို ချောဆွဲယူဆောင်ခြင်း ကားဆီဖြည့်ခိုင်းခြင်းများ လုပ်ဆောင်ကာ ကားပျက်သွားလျှင်လည်း ပျက်သည့်နေရာတွင် ထားခဲ့ကြသောကြောင့် ကားပိုင်ရှင်များက လိုက်ယူနေရကြောင်း ရွာငံကိုယ်တိုင်ကြုံတွေ့ရဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် မေလ (၁၃)ရက်တွင်လည်း ရွာငံမြို့ ဈေးတန်းရပ်ကွက်တွင် စစ်ကော်မရှင်တပ် ကင်းစောင့်နေသည့် ကြားမှ အသက် (၄၀)ကျော်အရွယ်ရှိ လင်မယားနှစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ လာရောက် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ယခု (၂၀၂၆) ခုနှစ် ဇန်နဝါရီလမှ မေလ (၅)လအတွင်း ပျူစောထီးများအပါဝင် ဒေသခံ(၂၀)ထက်မနည်း အသတ်ခံခဲ့ရကြောင်း သျှမ်းသံတော်ဆင့်၏ ဒေတာအချက်လက်များအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...