ပင်လုံမြို့ မှတ်ပုံတင်လုပ်သူ ငွေကျပ်၂ သောင်းပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အတွင်း မှတ်ပုံတင်လုပ်သူများ တစ်ဦးလျှင် ငွေကျပ် ၂ သောင်း ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။

ယခု မတ်လအတွင်း ပင်လုံမြို့တွင်း ကွင်းဆင်းပြီး မှတ်ပုံတင်လုပ်ပေးရာတွင် ရန်ပုံငွေဟု အကြောင်းပြပြီး မှတ်ပုံတင်လာလုပ်သူ တစ်ဦးကို ၁ သောင်းခွဲ မှ ၂ သောင်းကျပ်ထိ ပေးဆောင်ရကြောင်း ပင်လုံမြို့ဒေသခံများက ပြောသည်။

“သူတို့ ရုံးမှာသွားလုပ်ရင်တော့ ၁ သောင်းခွဲ ပေးရတယ်။ အခုက ကွင်းဆင်းပြီးတော့ လိုက်လုပ်ပေးနေတော့ ကျမတို့လည်း ငွေမကုန်ဘူးလို့ထင်တာ။ ကွင်းဆင်းတဲ့နေရာမှာသွားလိုက်လုပ်တော့ ၂ သောင်းပေးရတယ်” ဟု ပင်လုံမြို့ ဒေသခံ ကိုယ်တိုင်ကြုံခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် မှတ်ပုံတင်ကို အလျင်မြန်လိုချင်သူများက ငွေ ၅ သောင်းကျပ်ပေးဆောင်ရပြီး၊ တရက်လျှင် လူဦးရေ ၃၀ နီးပါး လုပ်ပေးနေကြောင်း သိရသည်။

“ ၂ သောင်းပေးရင် ၁ ပတ်လောက်တော့ စောင့်ရတယ်လေ။ အမြန်လိုချင်တယ်။ ဒီနေ့ လုပ် ဒီနေ့လိုချင်တယ်ဆိုရင် ၅ သောင်း ပေးရတယ်တဲ့။ များများပေးရင်တော့ မြန်မြန်ရတာပေါ့။ ပြီးတော့ မှတ်ပုံတင်သွားလှဲရင်လည်း ၁ သောင်းခွဲ ပေးရတယ်။ တောင်ပေါ်ကနေဆင်းလာတာတော့ ၃၀ နီးပါးရှိတယ် ” ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံရေး၏ နိုင်ငံရေးအခြေနေနှင့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်ဖြစ်ပြီး ယခုကဲ့သို့ ငွေပေးဆောင်ရသောကြောင့် ပြည်သူများက ပိုခက်ခဲလာကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီကလည်း လာမည့် ဧပြီလ ကစပြီး အသက် (၁၆)နှစ် ပြည့်သူတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားရမည် ဟု ထုတ်ပြန်ထားသည်။

“ရှင်းရှင်းပြောရင်တော့ များတာပေါ့။ ကျနော်တို့က တစ်ရက်လုပ် တစ်ရက်စားတဲ့သူတွေဆိုတော့ အဆင်မပြေဘူးလေ။ တစ်ခြားနေရာမှာဆိုရင် ၅ ထောင်ဘဲပေးရတယ်လို့ကြားတယ်။ ပြီးတော့ နောက်လက စပြီး မှတ်ပုံတင်တွေ ရှိထားရမယ်ဆိုတော့ သွားလုပ်ကြရတာပေါ့” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာပြည်သူများအနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့က စပြီး ခရီးသွားပါက နိုင်ငံသားကတ်(မှတ်ပုံတင်) တရားဝင်ထုတ်ထားသည့် မှတ်ပုံတင်ဖြင့်သာ အသုံးပြုရန် စစ်ကောင်စီ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...