သျှမ်းတောင်ထဲရောက် SSPP/SSA တပ်ပြန်ဆုတ်ရန် စစ်ကောင်စီ ပြော

သျှမ်ပြည်တောင်ပိုင်းအတွင်းသို့ ရောက်ရှိနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို တပ်ပြန်ဆုတ်ခွာရန် စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ SSPP/SSA သည် မိုင်းရှူးမြို့ သံလွင်မြစ်ကမ်းတစ်လျှောက်နှင့် လွိုင်လင်မြို့နယ် ပင်လုံမြို့ ဆနင်းဒေသ အတွင်းထိ တပ်စခန်းချထားပြီး ထိုတပ်စခန်းများကို ပြန်လည်ဆုတ်ခွာပေးရန် စစ်ကောင်စီက ယမန်နေ့ (မတ် ၃၁ ရက်) နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဥ် ပြောဆိုခဲ့သည် ဟု သိရသည်။

“မိုင်းရှူးဒေသက သံလွင်မြစ်ကမ်းနဲ့ ထုန့်ဆနင်းတောင်ကြောတစ်လျှောက်ရှိနေတဲ့ SSPP/SSA တပ်တွေကို စစ်ကောင်စီက ဆုတ်ခိုင်းတာ SSPP/SSA က လက်မခံဘူး၊ ပြီးတော့ အခုဆိုရင် စကစတွေက အဲ့ဒီနေရာတွေကို အင်အားဖြည့်နေတာတွေလည်းရှိတော့ ထပ်မတိုးဖို့လည်း စစ်ကောင်စီကို SSPP/SSA က ပြောဆိုထားတယ်” ဟု SSPP/SSA မှ တာ၀န်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိစစ်ကောင်စီတို့မှ SSPP ကို ဆုတ်ခွာခိုင်းသည့် ဆနင်းဒေသသည် အရင်ကာလများတွင် RCSS/SSA မှ ထိန်းချုပ်ထားသည့်နေရာများဖြစ်ခဲ့ဖူးသည့်အပြင် အခုချိန်အထိ နယ်မြေငြိမ်းချမ်းခြင်းမရှိသေးသည့် နေရာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး “တွေ့ဆုံမှုမှာ အဓိက ဦးတည်ထားတာက ငြိမ်းချမ်းရေးအကြောင်းတွေပေါ့၊ ဒါပေမဲ့ စစ်ကောင်စီဘက်က ကျနော်တို့မဆုတ်နိုင်တဲ့ နေရာတွေကို လိုက်ပြီး အင်အားဖြည့်တင်းမှုတွေ ချည်းကပ်မှုတွေ ထပ်လုပ်မယ်၊ ကျနော်တို့မှာလည်း ရှောင်လမ်းမရှိဘူးဆိုရင်တော့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နိုင်တာပေါ့” ဟု SSPP/SSA မှ ဒု-ဗိုလ်မှူး စိုင်းဆုက CNI သတင်းဌာနကို ဖြေဆိုထားသည်။

Photo SHAN- SSPP/SSA ကေဒါတပ်သားများ

ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှစတင်ကာ စားနပ်ရိက္ခာနှင့် လက်နက်ကိုင်စစ်သားများပါရှိသည့် စစ်ကားအစီးရေ ၇၅ စီးသည် ကလောမြို့မှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းရှိ ရပ်စောက်မြို့၊ လွိုင်လင်ခရိုင် နမ့်စန်မြို့ စသည့် မြို့များသို့ အင်အားဖြည့်တင်းမှုများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

NSPNC နှင့် SSPP/SSA တွေ့ဆုံမှုတွင် လက်ရှိ ငြိမ်းချမ်းရေးဆောင်ရွက်နေမှု၊ အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ကြိုတင်သတ်မှတ်ချက်များမရှိဘဲ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲထားမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခများလျှော့ချနိုင်ရေးတို့ဖြစ်သည်။

ထို့ပြင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ခဲ့သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...