ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းတစ်ကြော လူတစ်စု လုယက်ဓားပြ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းတံတားလမ်းအနီးမှ အထက်ရဲရွာ လမ်းပိုင်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများနှင့် ကားသမားများ လုယက်တိုက်ခိုက်ခံရမှု ရှိနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့နယ် နောင့်ပြစ်ကျေးရွာအနီး ဖြတ်သန်းသွားလာသည့် ကားသမားများ လုယက်တိုက်ခိုက်ခံရကြောင်း အဆိုပါ အနီးရှိ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ကို လက်နက်ကိုင်လူတစ်စုလို့ပြောဖို့လည်းခက်တယ်၊ ဘာဖြစ်လဲဆိုရင် သူတို့ကလက်နက်ဆိုလို့ ဓားပဲကိုင် တာတွေ့တယ်၊ ပြီးတော့ သူ့တို့က သုံးလေးယောက်လောက်ပဲ ရှိတယ်၊ ဆိုင်ကယ်နဲ့ ကားသမားတွေ လမ်းသွား လမ်းလာတွေကို တားပြီး လုယက်တာ ဓားပြတိုက်တာပေါ့” ဟု ဖြစ်စဥ်များကို သိရသည့် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လုယက်သူတို့သည် သုံးယောက်မှ လေးယောက်အထိသာရှိနေပြီး ပျောက်ကြားအင်္ကျီဝတ်ဆင်ကာ ဆိုင်ကယ်နှစ်စီးဖြင့် သွားလာလှုပ်ရှားလေ့ရှိကြောင်း မျက်မြင်တွေ့ရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပင်တိန်ရွာအနီးမှာ ကျနော်တို့ သူငယ်ချင်းရဲ့ကားကို သူတို့တားပြီး ပိုက်ဆံတောင်းတုန်းက ကျနော့်သူငယ်ချင်းနဲ့ သူတို့က နည်းနည်းထိုးကြိတ်တာရှိတယ်၊ အဲ့တုန်းက သေနတ်ပြပြီး ခြိမ်းခြောက်လို့ ကျနော့်သူငယ်ချင်းက ပိုက်ဆံပေးလိုက်ရတယ်၊ ဒါပေမဲ့ နောက်မှ သိရတာက သူတို့ကိုင်တဲ့သေနတ်က အတုပဲတဲ့၊ ကြည့်ရတာ ဒီလူတွေကလည်း ဒီနားကျေးရွာက လူတွေပဲဖြစ်မယ်” ဟု ပင်တိန်ကျေးရွာမှာ လုယက်မှုဖြစ်ပွားစဥ် မြင်တွေ့ရသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လုယက်ဓါးပြတိုက်ခံရသည့် ကားသမား ၅ ဦးခန့်ရှိနေပြီး တခြား ခရီးသည် လမ်းသွားလမ်းလာ ပြည်သူများလည်း မကြာခဏလုယက်ဓါးပြတိုက်ခံရကြောင်း သိရသည်။

ယင်း လုယက်မှုဖြစ်ပွားသည့် နေရာအနီးပတ်ဝန်းကျင်တွင် နယ်မြေခံရဲစခန်းမရှိသည့်အပြင် လက်ရှိ နိုင်ငံရေးအခြေအနေများအရ တရားဥပဒေစိုးမှုများလည်းမရှိသည့်အတွက် ယခုလိုဖြစ်စဥ်များဖြစ်ပွားရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ဝေဖန်ပြောဆိုသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးတွင် ခိုးဆိုးလုယက်မှုများ တိုးများလာပြီး ပြည်သူများအနေဖြင့်လည်း လုံခြုံမှု မရှိသလိုခံစားရကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

0
သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...