မုံးကိုးမြို့နယ် MNDAA နှင့် TNLA တို့ တပ်သားသစ် စုဆောင်း ဒေသခံများ တိမ်းရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ကျေးရွာများတွင် ကိုးကန့်တပ်ဖွဲ့ ( MNDAA) နှင့် တအာင်း (ပလောင်) TNLA တပ်ဖွဲ့ တို့မှ တပ်သားသစ် ကောက်ယူစုဆောင်းမှုကြောင့် ဒေသခံများက ထွက်ပြေးတိမ်းရှောင် နေရကြောင်း သတင်းသိရသည်။

မုံးကိုးမြို့နယ် MNDAA နှင့် TNLA တို့ တပ်သားသစ် စုဆောင်း ဒေသခံများ တိမ်းရှောင်နေရ

မုံးကိုးမြို့နယ် ပန်ဆေတိုင်း ကျေးရွာအတွင်းတွင် အသက် ၁၀ နှစ်စွန်းစွန်း ကလေးသူငယ်များအပါအဝင် ရွာသူ/ရွာ သားများကို MNDAA နှင့် TNLA တို့က အပြိုင်အဆိုင် စစ်သားကောက်နေကြောင်း ထွက်ပြေးတိမ်းရှောင်လာသူ ပန်ဆေတိုင်း ကျေးရွာမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ရွာမှာ ပလောင်လူမျိုးအများစု နေထိုင်ကြတာ၊ အဲ့ဒီတော့ TNLA က စစ်သားလာကောက်တယ်၊ ပြီးတော့ ရွာထဲမှာ MNDAA တို့ကလည်း ရှိနေလို့ သူတို့လည်း စစ်သားကောက်နေတယ်၊ ကလေးငယ်ရော အမျိုးသား အမျိုးသမီးရော ယူကြတာ၊ အဲ့ကြောင့် ကျနော်တို့ တစ်ရွာလုံးနီးပါး ထွက်ပြေးလာရတယ်” ဟု အထက်ပါအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်ဆေတိုင်းကျေးရွာအပြင် ဖာငပ်ရွာ၊ လွယ်ဝိန်းရွာ၊ မာန်ကောင်းရွာ၊ ဖန်ဖာရွာ၊ ရှောက်ရွှေစင်းရွာ၊ မန်ခါး နှင့် နောင်ဝရွာ စသည့် ကျေးရွာများတွင်လည်း နှစ်ဖက်တပ်ဖွဲ့တို့၏ အပြိုင်အဆိုင် စစ်သားကောက်ယူမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

မုံးကိုးမြို့နယ် MNDAA နှင့် TNLA တို့ တပ်သားသစ် စုဆောင်း ဒေသခံများ တိမ်းရှောင်နေရ

“တချို့ကျေးရွာတွေက မြို့နဲ့အရမ်းဝေးပြီး နယ်မြေမငြိမ်းချမ်းလို့ လမ်းတွေပိတ်ထားရတဲ့ နောင်ဝကျေးရွာဆိုရင် ရှောင်လို့ မရလို့ နှစ်ဖွဲ့လုံးဆီကို ရွာသားတော်တော်များများ ပေးလိုက်ရတယ်၊ ရှောင်လို့ရတဲ့သူတွေတော့ မြို့ပေါ် ကို ရှောင်လာကြတယ်၊ အသက် ၁၂ အရွယ် ကောင်လေး နဲ့ ၁၅ နှစ်အရွယ် ကောင်မလေးလည်း ပါသွားတယ်” ဟု ရှောင်ရွှေစင်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မုံးကိုးမြို့နယ်အတွင်းတွင် ကိုးကန့်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ တိုက်ပွဲများလည်း နေ့စဥ်နီးပါးရှိနေပြီး စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးများက ကျေးရွာအတွင်းသို့ မကြာခဏကျလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

မုံးကိုးမြို့နယ် MNDAA နှင့် TNLA တို့ တပ်သားသစ် စုဆောင်း ဒေသခံများ တိမ်းရှောင်နေရ

“ကိုးကန့်တပ်ဖွဲ့က ကျနော်တို့ရွာထဲမှာ စခန်းချတော့ စစ်ကောင်စီတွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လှမ်းပစ် တယ်၊ အဲ့ဒီလက်နက်ကြီးတွေ ကျည်ဆန်တွေက ပြည်သူအိမ်တွေ ဘုန်းကြီးကျောင်းတွေ ထိမှန်ပြီး အများကြီး ပျက်စီးရတယ်၊ အဲ့ကြောင့် ဘုန်းကြီးကျောင်းက သံဃာတွေလည်း အကုန်ထွက်ပြေးရတယ်” ဟု ကျေးရွာအတွင်း လက်နက်ကြီးကျခဲ့သည့်အကြောင်းကို ပန်ဆေတိုင်းကျေးရွာဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းမှ လက်ရှိအချိန်ထိ မုံးကိုးမြို့နယ်အတွင်းတွင် MNDAA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့က ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် မုံးကိုးမြို့ပေါ်ရှိသည့် စစ်ဘေးရှောင် ဦးရေ ၈၀၀ ကျော်တို့သည် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...