သျှမ်းတောင် စစ်ကောင်စီ စစ်အင်အား ဖြည့်နေ

ပြီးခဲ့သည့် မတ်လကုန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် မိတ္ထီလာမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ် များထံသို့ တပ်သားအင်အား အများအပြား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။

စစ်အာဏာ စတင်သိမ်းချိန် မြင်တွေ့ခဲ့ရတဲ့ စစ်ယာဥ်တန်း

မတ်လ ၂၈ ရက်နေ့တွင် စစ်သားအင်အားနှင့် စားနပ်ရိက္ခာ အပြင် လက်နက်များကိုင်ဆောင်ထားသည့် စစ်ကား အစီးရေ ၇၀ ကျော်သည် ကလောမြို့ကို ဖြတ်ပြီး တောင်ကြီးဘက်သို့ ဦးတည်မောင်းနှင်သွားကြောင်း မြင်တွေ့ရသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မတ်လ ၂၈ ရက်နေ့တုန်းက မိတ္ထီလာကနေလာတယ်လို့ ထင်ရတဲ့ စစ်ကားအစီး ၇၅ စီး ကျနော်တို့ ကလောမြို့ကို ဖြတ်သွားတယ်၊ တံဆိပ်ကိုတော့ သေချာမမြင်လိုက်ရဘူး၊ ကားအများစုက စစ်သားတွေတင်လာတယ်၊ အားလုံး အသက် ၂၀ ကျော်ကနေ လူလတ်ပိုင်းတွေပဲ၊ တောင်ကြီးဘက်ကို ဦးတည်ပြီးသွားတာ” ဟု ကလောမြို့ ဒေသခံ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကားအစီး ၇၀ ကျော်များအနက် စစ်ကား ၁၀ စီးကျော်သည် ရွှေညောင်လမ်းခွဲမှ ရပ်စောက်ဘက်သို့ ဆင်းသွားပြီး တောင်ကြီးမြို့ဘက်သို့ စစ်ကားအစီးရေ ၅၀ ကျော် ရောက်လာကြောင်း သိရသည်။

“တောင်ကြီးမြို့ကို ဖြတ်သန်းသွားတဲ့အချိန်မှာတော့ ၅၃ စီးတွေ့ရတယ်၊ ဒါပေမဲ့ ကလောဘက်က လာတဲ့ ဟို အစီး ၇၀ ကျော်ဟာ ဟုတ်မဟုတ်တော့ မသေချာဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုရင် သူတို့တံဆိပ်ကိုလည်း သေချာ မတွေ့ရလို့လေ၊ ဟိုပုံးဘက် ဆင်းသွားတယ်” ဟု တောင်ကြီးမြို့မှ လူငယ်အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကားတို့သည် တောင်ကြီးမြို့မှ သျှမ်းပြည်တောင်ပိုင်းရှိ နမ့်စန်မြို့အခြေစိုက် စစ်တပ် အမှတ် ၂၄၇ သို့ အင်အားဖြည့်တင်းရန်အတွက်ဟု ဒေသခံများက ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပါ။

ထို့အပြင် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအတွင်းသို့လည်း စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကား ၁၀ စီး ဝန်းကျင် ရောက်ရှိလာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ဒီနောင်ဝိုးကျေးရွာအနီးမှာ စခန်းလာချနေတာ အများကြီးပဲ၊ အင်အား ၁၀၀ ကျော်လောက်ရှိမယ်၊ အဲ့ဒီနောင်ဝိုးနယ်ထဲမှာ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတွေလည်း သွားလာလှုပ်ရှားနေတာရှိလို့ ကျနော်တို့ ဒေသခံတွေ အနေနဲ့တော့ သူတို့ တိုက်ပွဲဖြစ်မှာကို ကြောက်နေရတယ်” ဟု ရပ်စောက်မြို့နယ်မှ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ရပ်စောက်မြို့ရှိ ဗထူးတပ်အတွင်း စစ်ရေးလေ့ကျင့်နေသည့် စစ်သားများစွာလည်း မြင်တွေ့နေရသည့် အတွက် စစ်ဆင်ရေးအတွက် ပြင်ဆင်နေကြခြင်းဖြစ်မည်ဟု ဒေသခံများက ထင်မြင်မိကာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA ) တပ်ဖွဲ့များအားလုံး ဌာနချုပ်ဝမ်ဟိုင်းသို့ ဆုတ်ခွာမှုမပြုပါက တိုက်ထုတ်မည်ဆိုသည့် သတင်းများ လည်း ထွက်ပေါ်လာသည့်အတွက် ပြည်သူများက ပိုမို စိုးရိမ်စိတ် ကြီးမားနေခြင်းဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန်အတွက် သျှမ်းသံတော်ဆင့်မှ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၏ ပြောရေးဆိုခွင့်များကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...