Saturday, May 18, 2024

ကျောက်မဲ စည်ပင်ရုံး အနီး ဗုံးပေါက်ကွဲ

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စည်ပင်သာယာရေးရုံးအနီး ယမန်နေ့ (မတ် ၂၉) ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

Photo by ကျောက်မဲဒေသခံ

“ပေါက်ကွဲတာ ဟုတ်တယ်၊ ထိခိုက်မှု ရှိလားတော့ မသိရဘူး၊ ညနေ ၄ ခွဲ ဝန်းကျင်လောက်မှာ ဖြစ်သွားတာ၊ ရုံးနား ဗုံးလာပစ်သွားတာလို့ ကြားတယ်၊ အဲ့နားမှာ မင်္ဂလာစျေးလည်း ရှိတယ်” ဟု ကျောက်မဲ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စည်ပင်ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပြီးနောက် လမ်းသွားလမ်းလာများ သိသိသာသာ လျော့နည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောက်မဲစည်ပင်ရုံးသည် ‌ဒေသခံများထံမှ အခွန်အခ ကောက်ယူမှု များသည့်အတွက် ပထမဆုံးအကြိမ် သတိပေး ဖောက်ခွဲခြင်းဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်မဲ)မှ ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ကျောက်မဲမြို့နယ် ပညာရေးရုံး အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article