Wednesday, January 28, 2026

နမ့်ခမ်းမြို့ သင်္ချိုင်း အုတ်ဂူများ ဖျက်ဆီး သံများခိုးယူသွား

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတစ်ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူများက အုတ်ဂူများကို ဖျက်ဆီးပြီး သံများကို ခိုးယူသွားကြကြောင်း စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူ များပြားလာပြီး သင်္ချိုင်းအုတ်ဂူ (၁၀)ခုကျော် ဖျက်ဆီးသွားကြောင်း ယမန်နေ့ (မတ် ၂၈ ရက်) သွားရောက် ဖမ်းဆီးသူထဲမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့ ရောက်သွားတော့ ဆေးသုံးသူတွေ ထွက်ပြေးကုန်ကြပြီ။ မဖမ်းမိဘူး။ သူတို့က အဲ့မှာသွားပြီး ဆေးသွားရှူကြတယ်။ သင်္ချိုင်းအုတ်ဂူတွေ ဖျက်ဆီးတယ်။ သံတွေ ဖျက်ဆီးပြီး ယူရောင်းတယ်။ သူတို့ ဖျက်ဆီးသွားတာ (၁၀)ခုကျော်လောက်ရှိမယ်” ဟု သွားရောက် ဖမ်းဆီးသူထဲက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ထဲ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲလာသူ များပြားလာခြင်း၊ လောင်းကစားများ ပိုမိုများပြားလာပြီး သူခိုးများလည်း ယခင်ကထက် များပြားလာကြောင်း နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“သူခိုးတွေ တအားများလာတယ်။ အိမ်ရှေ့က ဆိုလာတွေလည်း လာခိုးတာတွေရှိတယ်။ ငါးဖမ်းဂိမ်း (လောင်းကစား) လည်း အရင်ကထက် ပိုမိုများလာတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ မြို့နယ်များတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာခြင်း၊ လောင်းကစား အများအပြား ရှိလာခဲ့ပြီး သူခိုးဓါးမြလဲ ယခင်ကထက် ပိုမိုများပြားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ပေါ် TNLA တပ်သားအများအပြားရောက်၊ ဒေသခံများ ကြောက်လန့်နေ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်း (၉)နာရီဝန်းကျင် တွင် TNLA တပ်သား ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် တပ်သားများရောက်လာသဖြင့် စျေးဆိုင်များ အလန့်တကြား ပိတ်သိမ်းရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၅) ရက်သည် နမ့်ခမ်းမြို့၏ (၅)ရက် တစ်စျေးနေ့ ဖြစ်ကာ...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် ပြည်သူ့စစ် ရမ်းသမ်းပစ်ခတ် အရပ်သားနေအိမ်ထိမှန်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်ဖွဲ့ များ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တချို့ ထိမှန်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်းမပေါ် လုံခြုံရေးလုပ်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ဘက်မှ လက်နက်ဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်သဖြင့် နမ့်ခမ်းမြို့နယ် စယ်ဟိုင်းကျေးရွာမှ နေအိမ်တချို့ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “စစ်ကောင်စီတပ်က...

သျှမ်းပြည်တွင် ပါတီတချို့ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တချို့ ဆိုင်းဘုတ်များ သျှမ်းပြည်အတွင်း မြို့နယ်တချို့တွင်ဖျက်ဆီးခံနေရကြောင်းသိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းက မိုင်းကိုင်မြို့နယ် အတွင်း တအာင်းအမျိုးသားပါတီ TNP ဆိုင်းဘုတ် (၃)နေရာ နှင့် သီပေါမြို့ တွင်...
Photo by – Sai Lang Herng LaiKha/ လွတ်လပ်ရေးသမိုင်းဝင် လဲချားစော်ဘွားကြီးစဝ်နွံ၏အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊အင်္ဂလိပ် ၃ ဘာသာပါသော ဆိုင်းဘုတ် လဲချားသျှမ်းလူငယ်များစိုက်ထူ

လွတ်လပ်ရေးသမိုင်းဝင် လဲချားစော်ဘွားကြီးစဝ်နွံ၏အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊အင်္ဂလိပ် ၃ ဘာသာပါသော ဆိုင်းဘုတ် လဲချားသျှမ်းလူငယ်များစိုက်ထူ

0
သျှမ်းပြည်တောင်ပိုင်းလဲချားမြို့ရှိ လဲချားစော်ဘွားကြီး စဝ်ခွန်နွံ၏ အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ တို့ ပါသော စော်ဘွားကြီး၏ အမည်ဆိုင်းဘုတ်အား လဲချားလူငယ်များစုပေါင်းအင်အားဖြင့်ပြုလုပ်ကာ ဆိုင်းဘုတ်ပြားတပ်ဆင်ကြောင်းသိရသည်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် တဦးအပါအဝင်ဖြစ်သော လဲချားစော်ဘွားကြီး စဝ်နွံ အား အနာဂတ် လူငယ်များ အမှတ်ရစေရန်ရည်ရွယ်ကာ စော်ဘွားကြီး၏အုတ်ဂူအား လဲချားမြို့သျှမ်းလူငယ်အဖွဲ့က ၃ နှစ်ကြာ...