သျှမ်းပြည်တွင် ပါတီတချို့ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တချို့ ဆိုင်းဘုတ်များ သျှမ်းပြည်အတွင်း မြို့နယ်တချို့တွင်ဖျက်ဆီးခံနေရကြောင်းသိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းက မိုင်းကိုင်မြို့နယ် အတွင်း တအာင်းအမျိုးသားပါတီ TNP ဆိုင်းဘုတ် (၃)နေရာ နှင့် သီပေါမြို့ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံနေရခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

မိုင်းကိုင်မြို့ တွင် ဖျက်ဆီးခံရသည့် TNP ပါတီ ဆိုင်းဘုတ် ၃ နေရာရှိကြောင်း၊ မွေတော် ဘုရားရှေ့ ၊ ဟမ်းငိုင်းကျေးရွာ နှင့် ပန်ကေတု ကျေးရွာရှိ ဆိုင်းဘုတ်များဖြစ်ကြောင်း မိုင်းကိုင်မြို့ TNP ပါတီဥက္ကဌ မိုင်းနုမ်ဟန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဆိုင်းဘုတ် ၃ နေရာလုံးက မနေ့က ည မှာဖျက်ဆီးခံရတာပါ။ မွေတော်ဘုရားရှေ့မှာ ဆိုရင် TNP ရှိမယ်။ တခြားပါတီကြီးတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီဆိုင်းဘုတ်ကိုပဲ ဖျက်ဆီးခဲ့တာ။ လုံးဝ ကြည့်မရအောင် ဖျက်ဆီးခဲ့တာ။ တော်တော်ရုပ်ဆိုးတယ်။ကျန် (၂)နေရာကတော့ တိုင်ပါ နှုတ်ယူသွားတယ်” ဟု မိုင်းနုမ်ဟန် က ပြောသည်။

Photo by TNP

မိုင်းကိုင်မြို့အတွင်း TNP ပါတီက ဆိုင်းဘုတ် ၇ နေရာ စိုက်ထူထားပြီး၊ လက်ရှိမှာ (၃)နေရာ ဖျက်ဆီးခံထားရကြောင်း မိုင်းနုမ်ဟန် က ပြောသည်။

“ ဒီလို ဖြစ်တဲ့ အတွက် ကျနော်တို့ စိတ်မကောင်းပါဘူး။ ကျန်ပါတီ ဆိုင်းဘုတ်ကို ဘာကြောင့် လိုက်မဖြုတ်တာလဲ။ ကျနော်တို့ပါတီ က ဒီနှစ်မှ မိုင်းကိုင် မှာထောင်တာ။ ကျနော်တို့ကိုသူတို့ဘာလို့ကြောက်တာလဲ။ကျနော်တို့ လူမျိုးတွေ တိုးတက်မှာကို စိုးရိမ်နေတာလား ကြောက်နေတာလား” ဟု မိုင်းနုမ်ဟန် က ပြောသည်။

တန်းတူညီမျှမှု ၊တရားမျှတမှု ရရှိရန် တောင်းဆိုနေကြချိန် TNP ပါတီဆိုင်းဘုတ် ကိုသာ လာရောက်ဖျက်ဆီးမှုပြုခြင်းသည် စဉ်းစားစရာဖြစ်နေကြောင်း လည်း မိုင်းနုမ်ဟန် က ဆိုသည်။

မိုင်ကိုင်မြို့နယ်အတွင်း TNP ပါတီ ရွေးကောက်ပွဲ ဝင်ရောက်မည် ဟု စတင်ကြေညာခဲ့ချိန်တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA အောက်ခြေတပ်သားများက TNP ပါတီကိုခေါ်ယူပြီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သေးကြောင်း ၎င်းကပြောသည်။

သို့သော် စက်တင်ဘာလ ၁ ရက်နေ့က RCSS/SSA ထိန်းချုပ်သည့်နယ်မြေအတွင်း လွတ်လပ်စွာရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုကြောင်း၊ စည်းရုံးရေး ခရီးစဉ်သွားလာပါက ကြိုတင် စာတင်ရမည် ဖြစ်ကြောင်းလည်း လွိုင်တိုင်းလျန်း ဌာနချုပ်က စာတစောင်ထုတ်ပြန်ခဲ့သည်။

ထိုနည်းတူ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဆိုင်းဘုတ် ၂ကြိမ်တိုင်တိုင်ဖျက်ဆီးခံရကြောင်း သီပေါ NLD ပါတီ ဥက္ကဌ ဦးတင်ဇော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဖျက်ဆီးခံရတာ မှန်ပါတယ်။ မနေ့ည က လုပ်တာက ဒုတိယ အကြိမ်ပါ။ ပထမတကြိမ်က စက်တင်ဘာလ ၈ ရက်နေ့က စည်ပင် သာယာရှေ့မှာ ကျနော်တို့ ဆိုင်းဘုတ်စတင်တာလေ။ အဲ့နေ့ည ကတကြိမ်ဖြစ်တယ်” ဟု ဦးတင်ဇော် က ပြောသည်။

ယခင် ရွေးကောက်ပွဲ တုန်းက သီပေါမြို့ ပေါ် ရှိ NLD ဆိုင်းဘုတ်များသည် တကြိမ်တခါမှ ဖျက်ဆီး မခံခဲ့ရကြောင်း၊ မြို့ နယ် လူထု မေတ္တာကို ရယူထားသည့် ပါတီဖြစ်ခဲ့ကြောင်း ဦးတင်ဇော် က ပြောသည်။

Photo by Nang San San Aye/ Facebook

“ ၂၀၁၅ တုန်းက ကျနော် ဝင်ပြိုင်ခဲ့တယ်။ အဲ့တုန်းက ဘာမှ မဖြစ်ခဲ့ဘူး။လူတွေလည်း စေတနာထားတယ်။ ဆိုင်းဘုတ်ဖျက်ဆီးတာ တခါမှ မရှိဘူး။ ဒီနှစ်တော့ လူထု မေတ္တာအပြည့်အဝ ခံစားရမယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ ဆိုင်းဘုတ်မတင်ခင်ကတည်း က ဟိုလူကို မကြိုက်ဘူး။ ဒီလူ့ကို မကြိုက်ဘူးဆိုတာ ရှိတယ်။ ပြောင်လာပြောတာ ရှိတယ်” ဟု ဦးတင်ဇော် က ဆိုသည်။

သီပေါမြို့နယ် အတွင်း NLD ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး “ သီပေါမြို့ ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းပေးကြပါ။ ဆန္ဒကို သိက္ခာနဲ့ ထိန်းညှိပေးကြပါ။ ဒါမျိုး လိုက်လံ ဖျက်ဆီးခြင်းအားဖြင့် မည့်သည့်အဖွဲ့ ကို မှ အကျိုးမပြုပါ” ဟု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD မှ သီပေါပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းစမ်းစမ်းအေး ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် စည်းရုံးရေး ကို ဥပဒေ ဘောင် အတွင်း ရိုးသားကြိုးစားပြီး ဆောက်ရွက်နေသည့် အဖွဲ့များကိုလည်း ထိခိုက်နစ်နာစေကြောင်း၊ မိမိအကျင့် စရိုက်များကို ပြန်လည်ထိန်းကျောင်းခြင်းအားဖြင့်၊ မိမိတို့ အဖွဲ့ ၏သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့် သီပေါမြို့ ရဲ့ သိက္ခာကို အဖတ်ဆည်ပေးရန် မေတ္တာရပ်ခံကြောင်းလည်း နန်းစမ်းစမ်းအေးက ရေးသားထားသည်။

လက်ရှိအချိန်အထိ နိုင်ငံရေးပါတီဆိုင်းဘုတ်များကိုဖျက်ဆီးသည့်လက်သည်ကို မသိရသေးကြောင်း ဆိုပါသည်။

သျှမ်းပြည် မိုင်းကိုင်မြို့နယ်နှင့် သီပေါမြို့နယ်များ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲချုပ် (SNLD)၊ ကြံ့ခိုင်ရေး ပါတီ( USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ တအာင်း အမျိုးသားပါတီ (TNP) ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ နေ့စဉ် တိုးလာနေပြီး သေနှုန်းများမြင့်တက်လာသည့် အတွက် သျှမ်းပြည် တွင် ညမထွက်ရ အမိန့်ထုတ်ထားကြောင်း၊ ထို ညမထွက်ရ အမိန့် ထုတ်ထားပြီး ဖျက်ဆီး ခံလိုက်ရသည့်အတွက် စဉ်းစားစရာဖြစ်နေကြောင်းလည်း သျှမ်းပြည်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...