နမ့်ခမ်းမြို့ပေါ် TNLA တပ်သားအများအပြားရောက်၊ ဒေသခံများ ကြောက်လန့်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်း (၉)နာရီဝန်းကျင် တွင် TNLA တပ်သား ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် တပ်သားများရောက်လာသဖြင့် စျေးဆိုင်များ အလန့်တကြား ပိတ်သိမ်းရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ (၅) ရက်သည် နမ့်ခမ်းမြို့၏ (၅)ရက် တစ်စျေးနေ့ ဖြစ်ကာ TNLA တပ်သားများ မြို့အနီးရောက်ရှိ လာသည့်အတွက် စျေးသည်များ၊ အိမ်များ ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

“စျေးထဲမှာတော့ အလန့်တကြားနဲ့ စျေးတွေ ပိတ်သိမ်းနေကြတယ်။ ဒီနေ့က စျေးနေ့လည်း ဖြစ်တယ်။ TNLA ရောက်လာပြီး ပြန်သွားတော့ စစ်ကောင်စီဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်ခမ်းမြို့အနီး TNLA ဘက်မှ ဝတ်စုံအပြည့် ဖြင့် စစ်ကြောင်း (၂) ကြောင်းဆင်းလာပြီးနောက် ပြန်ထွက်ခွာခါနီး စစ်ကောင်စီဘက်မှ စခန်းသစ်ကုန်း မှနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“TNLA ဘက်က စစ်ကြောင်း ၂ ကြောင်းဆင်းလာတယ်။ နမ့်ခမ်းပြည်သူ့ဆေးရုံဘက် ဟိုနားဘက်ကနေ ဆင်းလာတယ်။ ထပ်တစ်ကြောင်းက ဝိန်းဆာဘက်ကနေ နောင်စန့်ဘက်ကို နည်းနည်းရောက်ပြီး ပြန်ထွက်သွားတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့သည် မကြာခဏ ပစ်ခတ် ပေါက်ကွဲမှု ဖြစ်ပွားနေသည့်အတွက် မြို့ တွင်းလုံခြုံရေး မရှိတော့ကြောင်းလည်း ဒေသခံများက ပြောသည်။

“လုံခြုံရေး ယူပေးမယ့်အဖွဲ့တွေလည်း မရှိဘူး။ ကျနော်တို့မြို့က တစ်ခုခုဖြစ်လာရင်လည်း ဘယ်သူ့ကိုမှ သွားအားကိုးလို့မရဘူး။ ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေလည်း တအားများလာတယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦးကပြောသည်။

ယမန်နေ့ ဇန်နဝါရီ (၄)ရက်မှာ နမ့်ခမ်းမြို့မစျေးအတွင်း ပစ်ခတ်မှုများရှိပြီး (၂) ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ထိုသေဆုံးသွားသူ (၂)ဦးမှာ ဆက်ကြေးလာကောက်သည့် TNLA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...