မုံးကိုး စစ်ရှောင် ၈၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သတင်းသိရသည်။

မုံးကိုးစစ်ရှောင်

မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရောက်ရှိလာသည့် ကျေးရွာ ၇ ရွာမှ ဒေသခံများအတွက် ဆန် နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မုံးကိုးမြို့က ဘာသာရေးကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ရှိနေတဲ့ စစ်ရှောင်တွေက စုစုပေါင်း ၈၀၀ ကျော်ရှိပါတယ်၊ အခု အဲ့နေရာက စစ်ရှောင်စခန်းတိုင်းလိုလို ရိက္ခာတွေက ပြတ်နေတယ်၊ တချို့ရက်တွေမှာဆို တစ်နေ့ကို ထမင်းနှစ်နပ်ပဲ စားနေကြရတယ်တဲ့” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန်အတွက် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များက တားမြစ်စစ်ဆေးမှုများ၊ ဆဲဆိုမှုများ ရှိနေသည့်အတွက်ကြောင့် တချို့ ပရဟိတသမားနှင့် အလှူရှင်များကလည်း သွားလာရန် ကြောက်လန့်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ ကျနော်တို့ ပရဟိတသမားတွေနဲ့ အလှူရှင်တွေပေါင်းပြီး မုံးကိုးကစစ်ရှောင်တွေ အတွက် ရိက္ခာအနည်းငယ်သွားပို့ပေးခဲ့ပါတယ်၊ အဲ့ဒီမှာ လမ်းမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်သားတွေက ကျနော်တို့ကို ဆဲတယ်ဗျ၊ ပြီးတော့ ကားတွေကို တစ်စီးပြီးတစ်စီးစစ်တယ်၊ ပစ္စည်းတွေ မိုးကာတွေဆိုလည်း သေချာပြန်မလုပ်ပေးဘူး” ဟု ကိုယ်တွေ့ကြုံရသည့် ပရဟိတသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မုံးကိုးမြို့ပေါ်ရှိ စစ်ရှောင်စခန်းထဲသို့ ကြံစိုက်ခင်းလုပ်ကိုင်သည့် ဒေသခံများလည်း အလုပ်မဖြစ်သည့်အတွက် စားဝတ်နေရေးခက်ခဲကာ လာရောက်မှီခိုနေရသည်။

“ဒီဘက်က ဒေသခံအများစုက ကြံစိုက်ကြတာများပါတယ်၊ ဒါပေမဲ့ အခုက တရုတ်ဘက်ကလည်း ပိတ်ထားတယ်၊ ပြီးတော့ ဒေသတွင်း ရောင်းဝယ်မှုကလည်း အဲ့လောက်ထိမဟုတ်တော့ ဒီကြံတောင်သူတွေလည်း ခက်ခဲပြီး ဒီစစ်ရှောင်စခန်းမှာ လာမှီခိုတာ၊ အများစုတော့ ကချင်ရယ်၊ တအာန်း (ပလောင်) လူမျိုးဖြစ်တယ်” ဟု မုံးကိုးမြို့ပေါ်မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မုံးကိုးမြို့ ဒေသအတွင်းတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ် လကုန်ပိုင်းမှစတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ဒေသခံ ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀ ခန့်က မုံးကိုးမြို့ပေါ်ရှိ ဘာသာရေး ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ယနေ့အချိန်ထိ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...