စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းနည်းပါးလာ သျှမ်းပြည်အတွင်းရှိ သတ္တုတွင်းတွေကို တူးခွင့်ပြုနေ

မြန်မာနိုင်ငံတွင်း စီးပွားရေးကျဆင်းလာပြီး စစ်ကောင်စီက ဝင်ငွေရလမ်းကြောင်း နည်းပါးလာတာကြောင့် သျှမ်းပြည်အတွင်းရှိ သတ္တုတွင်း၊ ကျောက်မီးသွေးတွင်းများကို တရားဝင် တူးခွင့်ပြုပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နမ့်မ

ထို့ကြောင့် သျှမ်းပြည်အတွင်းရှိ ကျောက်မီးသွေးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်က တူးဖော်ခွင့်ပြုခဲ့ပြီး တွင်းဟောင်းများကိုလည်း ပြန်လည်တူးဖော်ခွင့်ပေးခဲ့ကြောင်း သျှမ်းပြည် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ လှုပ်ရှားသူများက ပြောဆိုလိုက်သည်။

“သူတို့ခွင့်ပြုပေးခဲ့တာကကြာပြီလေ။ ဒီ ဟိုပုံး၊ ပင်လောင်း၊ ကျေးသီး၊ လဲချား၊ မိုင်းကိုင်တို့ဘက်မှာဆိုလည်း ပြန်တူးဖော်ဖို့လုပ်နေတာ။ တူးနေတဲ့ နေရာတွေလည်း ဆက်တိုက်တူးနေတာပဲ။ မတူးထားတဲ့နေရာ တွင်းဟောင်းတွေကိုလည်း ပြန်တူးခွင့်ပေးထားလိုက်တယ်” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုသို့ ကျောက်မီးသွေးတူးရာမှ သဘာဝပတ်ဝန်းကျင်၊ ပြည်သူတို့၏ လယ်ယာမြေများ ပျက်စီးသွားသော်လည်း ကျောက်မီးသွေးတူးဖော်မှု ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်တူးဖော်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မဒေသ၏ ပင်မရေဝင်ကြောကို စစ်ကောင်စီတို့ တူးဖော်ခွင့်ပေးပြီးနောက် နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ငွေရည်ပုလဲ ကုမ္ပဏီက ကျောက်မီးသွေးကို စမ်းသပ်တူးဖော်မှု စတင်ပြုလုပ်ခဲ့သည်။

ထိုနေရာသည် နမ့်မမြစ်နှင့် ကျေးရွာသားတို့၏ စပါးနှင့် ပြောင်းခြံသို့ စီးဆင်းသွားသည့် ပင်မရေစီးချောင်း လမ်းကြောင်းအား ပိတ်ဆို့စေပြီး ဒေသခံများ စိုက်ပျိုးမှုကိုလည်း ထိခိုက်စေကြောင်း သိရသည်။

နမ့်မ

“အဲနေရာက တူးဖော်လိုက်တော့ ပြည်သူတွေတော်တော်ဒုက္ခရောက်တယ်။ ရေဝင်ကြောလည်းဖြစ်တာကြောင့် ရေသန့်မရနိုင်ဘူး။ သူတို့ စိုက်ပျိုးဖို့အတွက်လည်း ခြံတွေက မဖြစ်ထွန်းတော့ဘူး။ ပြည်သူတွေကန့်ကွက်လည်း သူတို့က တူးနေတာပဲ။ အာဏာက အပြည့်ရထားပြီဆိုတော့ တူးနေကြတာပဲ။ ဒီနေရာတင်မဟုတ်ဘူး။ တစ်ပြည်နယ်လုံးမှာ တူးနေကြတာ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောခွင့်ရ စိုင်းဟော်ရှန် က ပြောသည်။

ထိုနေရာတူးဖော်မှုကြောင့် ပြည်သူများ လယ်ယာခြံအတွက် ခက်ခဲသည့်အပြင် ရေကောင်းရေသန့်များမရရှိကြောင်း၊ ပတ်ဝန်းကျင်လည်း အနံ့ဆိုးများထွက်လာကြောင်း သိရသည်။

“သူတို့ အဲ့နား တူးတော့ ရေသန့်လည်း မရကြဘူး။ သဘာဝပတ်ဝန်းကျင်လည်းပျက်စီးတယ်။ မြေလည်းပြိုမယ်လို့ သိရတယ်။ ပြီတော့ လယ်ယာတွေလည်း မဖြစ်ဘူးပေါ့။ အဲ့ဒီရေကြောကိုသုံးတဲ့ ရွာတွေကလည်းများတယ်။ ဟိုတလောက အနံ့ဆိုးတွေလည်း ထွက်ခဲ့သေးတယ်” ဟု သီပေါမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည်နယ်အတွင်း ခွင့်ပြုချက်ရထားသည့် သတ္တုတွင်းများ၊ ကျောက်မီးသွေးတွင်းများစွာရှိကြောင်း SHRF မှရထားသည့်အချက်အလက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...