တိုင်းရင်းသားချင်းချင်း ပစ်ခတ်မှုသည် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဟန့်တားနေသူ ဟု SWAN ပြောဆို

သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများသည် ပြည်သူလူထုတို့အတွက် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးတို့ကိုအကြောင်းပြပြီး အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကာ ပြည်သူလူထုတို့ လိုလား တောင့်တသည့် တည်ငြိမ်းအေးချမ်းရေးအတွက် နှောက်ယှက်ဟန့်တားနေကြောင်း SWAN က ပြောဆို လိုက်သည်။

ထိုပြောဆိုချက်သည် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN ) ဖွဲ့စည်းတည်ထောင်ခြင်း (၂၃) နှစ် ပြည့် အနေဖြင့်ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြမည်ဟု ခေတ်အဆက်ဆက် ကြွေးကြော်လာခဲ့ကြသည့် သျှမ်းပြည်တွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် မိမိတို့အချင်းချင်းကြား ဖြစ်ပွား နေသည့် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် SWAN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သျှမ်းပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေကလည်း သျှမ်းအချင်းချင်းပဲမဟုတ်ဘူး။စစ်ကောင်စီအပါအဝင်  အခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်းဖြစ်တယ်။ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေက နှစ်ရှည်လာပြီ။ ကျမတို့ SWANတောင် မှ  (၂၃) နှစ်ပြည့်ပြီ ဒါတောင်မှ ဆက်လက်ဖြစ်နေတုန်းဆိုတော့ ကျမတို့ အနေနဲ့ မြင်တာကတော့ မဖြစ်သင့်တော့ဘူး”ဟု SWAN ပြောရေးဆိုခွင့်ရှိသူ ယိင်းစံဟွမ် ကပြောသည်။

သျှမ်းပြည်တွင်း က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အချင်းချင်း နိုင်ငံရေးလမ်းကြောင်း တူညီမှုမရှိသော်လည်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ကြောင်း  ယိင်းစံဟွမ် ကပြောသည်။

“ခေတ်အဆက်ဆက်ကတည်းက နိုင်ငံရေးနဲ့ ပတ်သက်လာပြီဆိုရင် အမြဲတမ်းပဲ ဆွေးနွေးတယ်။ ပြချင်တဲ့အဖြေက မထွက်ဘူး။ ဆက်လက်ပြီးတော့ နိုင်ငံရေး အရ နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းပြီး တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ကြားသဘောထား ကွဲလွဲမှုတွေ နိုင်ငံရေးလမ်းကြောင်းတွေ မတူပေမယ့်လည်း ဖြေရှင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နောက်ဆက်တွဲက ပြည်သူလူထုတွေအပေါ်ပဲ ထိခိုက်တယ်” ဟု ယိင်းစံဟွမ် ကဆိုသည်။

ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုရှိလျှင် အမျိုးသမီး နှင့် ကလေးများ အများဆုံး ထိခိုက်နစ်နာမှုရှိပြီး ပညာရေး နှင့် ကျန်းမာရေး တို့လည်း နစ်နာ ဆုံးရှုံးရကြောင်း SWAN ကထောက်ပြ ပြောဆိုလိုက်သည်။

၂၀၂၁ ခုနစ် ဖေဖော်၀ါရီ ၁ရက် တွင် စစ်တပ် အာဏာသိမ်းခဲ့ခြင်း၊ရှမ်းပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအချင်းချင်း တိုက်ခိုက်နေကြခြင်း စသည် တို့၏ အကျိုးဆက်များကြောင့် အမျိုးသမီးများ နှင့် ကလေးသူငယ် အများစု မှာ ဘ၀လုံခြုံမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခမျိုးစုံ နှင့် ရင်ဆိုင်နေကြကြောင်း SWAN ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည် စစ်ပဋိပက္ခများ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ အချင်းချင်း အကြားဖြစ်ပွားနေသည့် တိုက်ပွဲများ အားလုံး ရပ်တန့်ရန် ပါ၀င်ပတ်သက်နေသူများ အားလုံး တာ၀န်အရှိဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...