ရွာငံမြို့နယ် တိမ်းရှောင်ပြည်သူများ အိမ်ပြန်လာရန် စစ်ကောင်စီ ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲယင်တောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများကို အိမ်ပြန်လာရန် စစ်ကောင်စီတို့က ပြောဆိုခြိမ်းခြောက်ကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့ရှိ ပဲယင်တောင်ကျေးရွာအတွင်းသို့ မတ် ၂၄ ရက်တွင် စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများ အိမ်ပြန်လာကြရန်နှင့် တစ်ပတ်အတွင်းမရောက်ရှိပါက လူမရှိသည့် နေအိမ်များကို သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားတွေက ကျနော်တို့လို တိမ်းရှောင်နေတဲ့သူတွေ ကျေးရွာထဲ ပြန်လာနေဖို့ အမိန့်လာပေးပါတယ်၊ တကယ်လို့ မလာရင် လူမရှိတဲ့ နေအိမ်တွေကို ပိတ်သိမ်းပစ်မယ်လို့ ပြောသွားတယ်တဲ့၊ ကျနော်တို့လည်း ပြန်ချင်ပါတယ်၊ ဒါပေမဲ့ အဖမ်းခံရမှာလည်း ကြောက်တယ်” ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားတို့၏ ရမ်းသမ်းပစ်ခတ်မှုနှင့် ဒလန်သတင်းပေးမှုအတိုင်း ဖမ်းဆီးမှုများ အဆက်မပြတ်ရှိနေ သည့်အတွက် ဒေသခံများလည်း ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ပြန်ချင် သော်လည်း ဖမ်းဆီးခံရမှာ ကြောက်သောကြောင့် မပြန်ရဲကြောင်း သိရသည်။

စစ်ကောင်စီတပ်သားတို့၏ ခြိမ်းခြောက်ပြောဆိုမှုများထွက်လာပြီးသည့်နောက် မတ်လ ၂၇ ရက် ည ၈ နာရီခွဲ ဝန်းကျင်အချိန်တွင် ရွာငံမြို့နယ် အင်တောကျေးရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်တစ်ခု ဖျက်ဆီးခံလိုက်ရကြောင်း သတင်းသိရသည်။

“အဲ့ညက ပေါက်ကွဲသံ ၄ ချက်ကြားလိုက်ရတယ်၊ Mytel (မိုင်တဲ)တာဝါတိုင် ဖျက်ဆီးခံရမှန်း မနေ့က နံနက်ပိုင်းမှာ သိရတာ၊ အခုချိန်ထိ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်မှန်းတော့ မသိရဘူး” ဟု အင်တောကျေးရွာ အနီးပတ်ဝန်းကျင်မှ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်တဲတာဝါတိုင် ဖျက်စီးခံရမှုကြောင့် လက်ရှိတွင် အင်တောကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်သားများက လှည့်ကင်းများနှင့် ကင်းပုံးများချထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...