ရွာငံမြို့နယ် စစ်ကောင်စီမှ ရွာသားများကို အတင်းအဓမ္မခေါ်ပြီး ချက်ပြုတ်ခိုင်း
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲယင်တောင်ကျေးရွာ၊ သာစည်ကျေးရွာနှင့် တခြားသော ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ရွာသားများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချက်ပြုတ်ကျွေးမွေးခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဧပြီလ ၆ ရက် နေ့ခင်းပိုင်းတွင် ရွာငံမြို့ ပဲယင်တောင်ကျေးရွာမှ သက်လတ်ပိုင်း ရွာသားများကို စစ်ကောင်စီတို့က လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံရွာသားတစ်ဦးက...
ကျောက်မဲမြို့နယ်အတွင်း ပေါက်ကွဲသံများ အဆက်မပြတ်ကြားနေရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အရှေ့ဘက်ခြမ်း အေးရှား၀ေါလ် တိုးဂိတ် အနီးတွင် ယမန်နေ့ (ဧပြီ ၆)ရက် ည ၉ နာရီ၀န်းကျင်၌ ပေါက်ကွဲသံများ အဆက်မပြတ်ကြားရကြောင်း သတင်းသိရသည်။ ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၉ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် အရှေ့ဘက်ရှိ ခိုတင့်ကျေးရွာ...
ဆီဆိုင်ရောက် စစ်ရှောင်တစ်ချို့ ထမင်းနပ်မှန် မစားရ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရောက်ရှိလာသည့် ကရင်နီပြည်နယ် စစ်ရှောင်များတစ်ချို့ ထမင်းနပ်မှန် မစားရသူများလည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထမင်းနပ်မှန်မစားရသည့် စစ်ရှောင်များသည် ကျန်းမာရေးမကောင်းသူများ၊ အသက်အရွယ်ကြီးသူများ ဖြစ်သည့်အတွက် စစ်ရှောင်စခန်းမနေနိုင်သဖြင့် နေအိမ် လိုက်လံငှားနေရသူများ ဖြစ်သည်။ “တစ်ချို့ စစ်ရှောင်တွေက ထမင်းနပ်မှန်မစားရတာလည်းရှိတယ်။ အစားအသောက်ခက်ခဲကြတာပေါ့။ ပြီးတော့ နေရပ်ကိုလည်း မပြန်နိုင်သေးဘူးလေ။ သူတို့တွေက နေအိမ်တွေမှာ...
ကွတ်ခိုင်မြို့နယ် တိုက်ပွဲဖြစ်၊ယာဥ်များရပ်တန့်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့ အထိ ယာဥ်များက ရပ်တန့်ထားနေရကြောင်း သတင်းသိရသည်။ ယမန်နေ့ ဧပြီလ ၄ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်အတွင် ကွတ်ခိုင်မြို့နယ်အလွန် နမ့်ကွတ်ကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဧပြီ ၅)ရက်ထိ ယာဥ်တန်းများ ရှေ့မဆက်နိုင်ဘဲ...
သျှမ်းတောင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ပရဟိတလူငယ်များ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် သာမာန်အရပ်သားနှင့် ပရဟိတလူငယ်များကို စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ဧပြီလ (၄)ရက်တွင် ဒေသတွင်း ပရဟိတလုပ်သည့် ကိုအောင်ဆန်း၊ ကိုအောင်မြင့်ထွန်း နှင့် မယမင်းဖွေးတို့ကို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်ကြောင်း သိရသည်။ “သူတို့ကို ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်တာ။ ကိုအောင်ဆန်း ကို (၁၉)နှစ်၊ ကိုအိန်ဒ...
စစ်ကောင်စီမှ RCSS/SSA ဌာနချုပ်အဖြစ် သတ်မှတ်ပေးထားသည့်နယ်မြေ “ဝ”တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားဒေသအတွင်း စစ်ကောင်စီမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်အဖြစ် သတ်မှတ်ထားသည့်နေရာကို “၀” တပ်ဖွဲ့ (UWSA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဧပြီလ ၅ ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင်...
ပင်းတယမြို့ပစ်ခတ်မှု PDF ရဲဘော်နှစ်ဦး ကျဆုံး
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ ရွာငယ်ရပ်ကွက် သစ်အယ်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်ဟု ထင်ရသည့် လူငယ်နှစ်ဦးကျဆုံးခဲ့ကာ ရုပ်အလောင်းကို စစ်ကောင်စီတို့ ယူဆောင်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးမှ...
ကျောက်မဲတွင် ညအချိန် ပစ်ခတ်သံများ ကြားနေရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ (၂)ရပ်ကွက် ရန်ကင်းတွင် ယမန်နေ့ (ဧပြီ ၄)ရက် ည (၁၀)အချိန် ပစ်ခတ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။ “ည ၁၀ နာရီ မထိုးခင်လောက် ကပါ၊ ရန်ကင်း (၂ရပ်ကွက်)ထဲမှာ အသံက တော်တော်ကျယ်တယ်၊ ဆိုင်ကယ်သမား မရပ်ပေးလို့ ပစ်တာ...
သျှမ်း – ကရင်နီနယ်စပ် ဆေးဆိုင်များ စစ်ကောင်စီထောက်ခံချက်ရမှသာ ဖွင့်လှစ်ရန် ညွှန်ထား
သျှမ်း - ကရင်နီ နယ်စပ်ရှိ ဆေးဆိုင်များသည် စစ်ကောင်စီထောက်ခံချက်များ ရယူပြီးမှ ဖွင့်လှစ်ရန် စေခိုင်းညွှန်ကြားမှုများ ရှိနေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်အတွင်းတွင် ဆေးဆိုင်များ ၃ ဆိုင်ခန့်သာရှိနေပြီး စစ်ကောင်စီမှ ပေးအပ်သည့် ထောက်ခံချက်များဖြင့် ဖွင့်လှစ်ရကြောင်းလည်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခု ဖယ်ခုံမြို့ထဲမှာ ဆေးဆိုင်...
သိန္နီမြို့နယ် လက်နက်ကိုင်တပ်ဖွဲ့များ တပ်သားသစ်စုဆောင်း၊ ပြည်သူများထွက်ပြေးနေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ တပ်သားသစ် စုဆောင်းမှုကြောင့် ပြည်သူများ မြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။ သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု တစ်စုတွင် အမျိုးသား (၂)ဦးအထက်ရှိလျှင် လက်နက်ကိုင်တပ်များက စစ်သားစုဆောင်းသဖြင့် တစ်ချို့ အိမ်ထောင်စုတွင် သားယောက်ျားလေးအား သင်္ကန်းဝတ်ပေးခြင်း၊ တစ်ချို့အိမ်ထောင်စုမှာ သားယောကျာ်းလေးကို ပြည်ပနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း...





