Friday, May 17, 2024

ကျောက်မဲတွင် ညအချိန် ပစ်ခတ်သံများ ကြားနေရ

Must read

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ (၂)ရပ်ကွက် ရန်ကင်းတွင် ယမန်နေ့ (ဧပြီ ၄)ရက် ည (၁၀)အချိန် ပစ်ခတ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။

Photo by ကျောက်မဲဒေသခံ

“ည ၁၀ နာရီ မထိုးခင်လောက် ကပါ၊ ရန်ကင်း (၂ရပ်ကွက်)ထဲမှာ အသံက တော်တော်ကျယ်တယ်၊ ဆိုင်ကယ်သမား မရပ်ပေးလို့ ပစ်တာ ဆိုပြီး ကြားမိတယ်၊ အသံက (၆)ချက်လောက်ရှိတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲတွင် ပြီးခဲ့သည့် ရက်ပိုင်း မြို့နယ် စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပြီး နောက်ပိုင်း စကစ မှ လမ်းသွားလမ်းလာများအား စစ်ဆေးမှု တင်းကြပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။

“စစ်ဆေးတာ ကြမ်းလား မကြမ်းလား မသိဘူး၊ အသံကတော့ တိတ်ဆိတ်နေတာပဲ၊ ကားသံ ဆိုင်ကယ်သံတွေလည်း သိပ်မကြားတော့ဘူး၊ ဘယ်သူမှလည်း အပြင် သိပ်မထွက်ရဲတော့ဘူး” ဟု ဒေသခံ အမျိုးသားက ပြောသည်။

ကျောက်မဲတွင် မြို့နယ် စည်ပင်ယာယာရေးရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပုံဝိုးကျေးရွာမှ မြို့တွင်းသို့ လာသည့် အမျိုးသား တစ်ဦးအား ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article