ကွတ်ခိုင်မြို့နယ် တိုက်ပွဲဖြစ်၊ယာဥ်များရပ်တန့်နေရ 

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့ အထိ ယာဥ်များက ရပ်တန့်ထားနေရကြောင်း သတင်းသိရသည်။

ယမန်နေ့ ဧပြီလ ၄ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်အတွင် ကွတ်ခိုင်မြို့နယ်အလွန် နမ့်ကွတ်ကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဧပြီ ၅)ရက်ထိ ယာဥ်တန်းများ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်ထားနေရကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပါတယ်၊ ကွတ်ခိုင်မြို့အကျော် နမ့်ကွတ်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပေါ့၊ စစ်ကောင်စီနဲ့ TNLA တွေ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ကီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ ဧပြီလ ၅ ရက်နေ့ မနက်အစောပိုင်း တိုက်ပွဲမဖြစ်ပွားခင်တွင် ကွတ်ခိုင်မြို့ နမ့်ခိုက်အနီးတွင် လက်နက်ကိုင် TNLA စစ်သားတစ်စုက လမ်းသွားလမ်းလာပြည်သူများကို ပိုက်ဆံတောင်းနေသလို ကွတ်ခိုင် – မူဆယ် လမ်းမကြီးရှိ မိုင်းစီးလမ်းခွဲမှာလည်း စစ်ကောင်စီတပ်သားနှင့် ရဲသားတို့က ပိုက်ဆံတောင်း နေကြောင်းလည်း ဒေသခံများက ပြောသည်။

“နမ့်ခိုက်နားမှာ TNLA စစ်သားတွေက ကားသမားတွေ လမ်းသွားလမ်းလာတွေကို ပိုက်ဆံတောင်းနေတာ၊ ကားကြီးဆို ၃ သိန်း၊ ကားငယ်ဆို ၁ သိန်းတောင်းတယ်၊ အဲ့လိုပဲ မိုင်းစီး လမ်းခွဲနားမှာလည်း စစ်သားနဲ့ ရဲတွေက စောင့်ပြီး ပိုက်ဆံထပ်တောင်းပြန်တယ်၊ ပြီးတော့ ရှေ့မှာစောင့် TNLA စစ်သားတွေကိုလည်း ပေးခဲ့လား ဘယ်လောက်ပေးခဲ့ရလဲ ဆိုပြီး အဲ့အတိုင်းတောင်းတယ်” ဟု ကွတ်ခိုင်မြို့မှ အသက် ၂၅နှစ်အရွယ် ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယင်းနောက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် အဆိုပါ လမ်းမကြီးပေါ်ရှိ ယာဥ်များက လမ်းဘေးသို့ရပ်နားထားရကြောင်း သတင်းသိရသည်။

“မနေ့က တိုက်ပွဲဖြစ်တော့ ကားတွေက လမ်းမဘေးမှာ ရပ်ထားလိုက်ရပါတယ်၊ ဒီနေ့မနက်ဖွင့်သေးလားတော့ မသေချာဘူး၊ အခုထိတော့ ကားတွေ ပိတ်ထားတုန်းပဲ” ဟု လည်း ကြုံတွေ့ရသည့် ကားသမားတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမ အပါအဝင် တောစပ်ကြား နေရာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် KIA, TNLA, MNDAA မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...