CATEGORY

သတင်း

တောင်ကြီးမြို့ ဗဟိုမဏ္ဍပ်အခမ်းအနား ပြည်သူများ တက်ရောက်ရန် စကစ ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြုလုပ်သော ဗဟိုမဏ္ဍပ်အခမ်းအနားအတွက် မြို့ပေါ် ရပ်ကွက်များအလိုက် နယ်မြေတစ်ခုလျှင် ၂၅ ဦး တက်ရောက်ရန် စစ်ကောင်စီက ညွှန်ကြားကြောင်း သတင်း သိရသည်။ မကြာမီကျရောက်တော့မည့် သင်္ကြန်ပွဲတော် စည်ကားစေရန် အာဏာသိမ်း စစ်ကောင်စီဘက်က ကြိုးစားနေသည်ဟု တောင်ကြီးမြို့ပေါ် ရပ်ကွက်နေ အငြိမ်းစားအရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့လုပ်တဲ့...

ကျယ်ပြန့်လာတဲ့ တိုက်ပွဲနဲ့ မြေမြုပ်မိုင်းဒဏ်ကို ခါးစည်းခံနေရသူများ

“ပေါက်ကွဲပြီးတော့ ကျမလည်း သတိမေ့သွားတာ၊ ဘယ်လောက်ကြာသွားမှန်း မသိဘူး၊ သတိပြန်ရလာတော့ မူးနေသေးတယ်၊ ဘေးမှာ ညီမလေးက သတိမရသေးဘူး၊ သူ့ကို နိုးရတယ်၊ ညီမလေးက သွေးတွေ အများကြီးပဲ” လို့ မိုင်းထိတဲ့ နေ့ရက်က အကြောင်းကို နန်းမိုခေါင်က ပြန်ပြောပြနေပါတယ်။ နန်းမိုခေါင်တို့ ညီအစ်မနှစ်ယောက်လုံးဟာ ယခုနှစ်ဆန်းပိုင်းဖြစ်တဲ့ ဖေဖော်၀ါရီ...

မိုင်းလားတစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုအပြီး LockDown ဖြေလျှော့

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကို တားမြစ်နိုင်ရန် အလို့ငှာ တစ်မြို့လုံး၌ အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာစစ်ဆေးပြီးနောက် Lockdown ကိုလည်း ဖြေလျှော့လိုက်ကြောင်း သတင်းသိရသည်။ ဧပြီလ ၆ ရက် နှင့် ၇ ရက်နေ့ကို မိုင်းလားမြို့ တစ်မြို့လုံး၌ အာခေါ်တို့ဖတ်...

ကွက်ခိုင်မြို့နယ် TNLA တပ်သားများ ခရီးသွားပြည်သူထံ ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ကွတ် - နောင်ဆွေ ကားလမ်းမကြီးပေါ်တွင် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ က ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ ၈)ရက် မနက် (၁၀)နာရီ ဝန်းကျင်မှ စတင်ပြီး လက်ရှိချိန်ထိ နမ့်ကွတ် -...

အေးသာယာမြို့ နောင်အင် ဘောလုံးကွင်း စစ်ရဟတ်ယာဥ် ၂ စီးရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ နောင်အင်ဘောလုံးကွင်းအတွင်းသို့ စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးရောက်ရှိလာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှ စတင်ကာ စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးသည် အေးသာယာမြို့ နောင်အင်ဘောလုံးကွင်းအတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ဆင်းလာကြောင်း ဒေသခံအမျိုးသား တစ်ဦးက...

မှတ်ပုံတင်ပြုလုပ်ထားသူများ ခရီးသွားရန် ခက်ခဲနေဆဲ

သျှမ်းပြည်အတွင်း မှတ်ပုံတင်ပြုလုပ်နေဆဲဖြစ်သူများအတွက် မှတ်ပုံတင်မရရှိသေးသောကြောင့် ခရီးသွားလာရန် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဧပြီလကစပြီး ခရီးသွားလာသူများအနေဖြင့် မှတ်ပုံတင် စစ်ဆေးခံနေရပြီး မပါရှိလျှင် ငွေတောင်းယူမှု များလည်းရှိသည့်အတွက်ကြောင့် မှတ်ပုံတင်မရှိသူများအတွက် ခက်ခဲနေကြောင်း သိရသည်။ “မှတ်ပုံတင်က သွားလုပ်ထားတယ်။ အခုထိ မှတ်ပုံတင်မရသေးဘူး။ ခရီးသွားတော့လည်း မှတ်ပုံတင်မပါရင် မရဘူးတဲ့။ မှတ်ပုံတင်မပါရင် ပိုက်ဆံကပေးရသေးတယ်။ သွားရလာရတာလည်း...

ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP/SSA စစ်ရေးတင်းမာနေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နှင့် သျှမ်းပြည်တိုးတက် ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက် နေပြည်တော်ဆွေးနွေးမှုတွင် သဘောတူညီချက်မရကြသည့် SSPP/SSA နှင့် စစ်ကောင်စီတို့သည် ယခု ဧပြီလဆန်းပိုင်းမှစတင်ကာ စစ်ရေးတင်းမာမှုများရှိနေကြပြီး လက်ရှိ သျှမ်းပြည် တောင်ပိုင်း...

မူဆယ်မြို့ ပြည်သူ့စစ် သင်တန်းနေရာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ်သင်တန်းနေရာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီ (၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ် သင်တန်းရှိရာ နေရာတွင် ပေါက်ကွဲသွားကြောင်း သိန်းသန်းချီ ကားကြီးကွင်းအနီး နေထိုင်သည့်...

ရွှေဖီမြေ အမျိုးသမီး သတင်းထောက် နှင့် TSYU ကျောင်းဆရာတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

သျှမ်းပြည်အခြေစိုက် ရွှေဖီမြေသတင်းဌာနမှ အမျိုးသမီးသတင်းထောက်ဟောင်း နှင့် တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU) ဝန်ထမ်းတစ်ဦးတို့ကို ယနေ့ (ဧပြီ ၇)ရက် မနက်ပိုင်းတွင် စစ်ကောင်စီမှ ထောင်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။ ရွှေဖီမြေသတင်းဌာနမှ အမျိုးသမီးသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို ရာဇသတ်ကြီးပုဒ်မ (၅၀၅) က ဖြင့် ထောင်ဒဏ် (၂)နှစ်...

ကျောက်မဲမှာ လက်နက်ကိုင်လူတစ်စု နေအိမ်ထဲ ဝင်ရောက်မွှေနောက် ငွေ ယူသွား 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဧပြီ ၄ ရက် မနက်အစောပိုင်းက လက်နက်ကိုင်ထားသည့် လူတစ်စုမှ နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ငွေများ ယူဆောင်သွားခဲ့ကြောင်း သတင်းသိရသည်။  ဧပြီ ၄ ရက် မနက် ၃ နာရီဝန်းကျင် ကျောက်မဲမြို့ ရပ်ကွက် ၈ အင်ကြင်းတောင်ရှိ နေအိမ်...

Latest news