တောင်ကြီးမြို့ ဗဟိုမဏ္ဍပ်အခမ်းအနား ပြည်သူများ တက်ရောက်ရန် စကစ ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြုလုပ်သော ဗဟိုမဏ္ဍပ်အခမ်းအနားအတွက် မြို့ပေါ် ရပ်ကွက်များအလိုက် နယ်မြေတစ်ခုလျှင် ၂၅ ဦး တက်ရောက်ရန် စစ်ကောင်စီက ညွှန်ကြားကြောင်း သတင်း သိရသည်။

မကြာမီကျရောက်တော့မည့် သင်္ကြန်ပွဲတော် စည်ကားစေရန် အာဏာသိမ်း စစ်ကောင်စီဘက်က ကြိုးစားနေသည်ဟု တောင်ကြီးမြို့ပေါ် ရပ်ကွက်နေ အငြိမ်းစားအရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့လုပ်တဲ့ သင်္ကြန်ပွဲ စည်တယ်ဆိုတာကို ပြချင်တာ၊ အခုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် နယ်မြေတစ်ခုကို ၂၅ ဦး တက်ဖို့ ပြောလာတယ်၊ ကျနော်တို့အသိုင်းဝန်းကတော့ သွားမှာမဟုတ်ပါဘူး” ဟု အထက်ပါ အငြိမ်းစား ပုဂ္ဂိုလ်က ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်ရှိနေပြီး ရပ်ကွက်တစ်ခုလျှင် နယ်မြေပေါင်း ၂၀ ဝန်းကျင်ခန့်ရှိနေကြောင်းလည်း သိရသည်။

တောင်ကြီး ရေးကစားမဏ္ဍပ်

သင်္ကြန်ရေကစားရန်အတွက် ဗဟိုမဏ္ဍပ်ကို စစ်ကောင်စီတို့က တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ သျှမ်းပြည်လွှတ်တော်ရုံး နှင့် အစိုးရရုံးကြားတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး လုံခြုံရေးလည်း များစွာ ချထားကြောင်း ကံကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပွဲတောင်မဖြစ်သေးဘူး၊ လုံခြုံရေးအင်အားကတော့ အရမ်းကို များနေတာ၊ အိမ်တော်ထောင့်နားမှာ မျှော်စင်ကြီးနဲ့ ရဲကင်းလည်းထားမယ်တဲ့၊ ဒါကတော့ ရဲဖြစ်တဲ့ မိတ်ဆွေတစ်ယောက်က ပြောပြတာ” ဟု အထက်ပါ ကံကြီးရပ်ကွက်မှ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီတို့သည် ရပ်ကွက်နေပြည်သူများကို မဏ္ဍပ်သို့ တက်ရောက်ရန် ဖိအားပေး စေခိုင်းမှုများ ရှိနေသည့်အပြင် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို မဏ္ဍပ်ထွက်ရှိ‌ရန် ဖိအားပေး ညွှန်ကြားမှုများ ရှိနေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများနှင့် လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရေး တပ်သားများက စစ်ကောင်စီမှ ပြုလုပ်နေသည့် သင်္ကြန်ပွဲတော်များတွင် ပြည်သူများ ပါဝင်ဆင်နွဲခြင်းမပြုဘဲ သပိတ်မှောက်ကြရန် ပြောဆိုလှုံ့ဆော်မှုများ ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...