Friday, May 17, 2024

ရွှေဖီမြေ အမျိုးသမီး သတင်းထောက် နှင့် TSYU ကျောင်းဆရာတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

Must read

သျှမ်းပြည်အခြေစိုက် ရွှေဖီမြေသတင်းဌာနမှ အမျိုးသမီးသတင်းထောက်ဟောင်း နှင့် တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU) ဝန်ထမ်းတစ်ဦးတို့ကို ယနေ့ (ဧပြီ ၇)ရက် မနက်ပိုင်းတွင် စစ်ကောင်စီမှ ထောင်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။

ရွှေဖီမြေသတင်းဌာနမှ အမျိုးသမီးသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို ရာဇသတ်ကြီးပုဒ်မ (၅၀၅) က ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ပြီး TSYU ဝန်ထမ်း မိုင်းသက်နိုင်ဦး ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၂) (က) ဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

“လွေးအမ်ဖောင်ကို ရာဇသတ်ကြီး ပုဒ်မ (၅၀၅)က နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာ။ ဒီနေ့ မနက် လားရှိုးမြို့ ထောင်တွင်းသီးသန့်တရားရုံးမှာ ချမှတ်လိုက်တာပါ။ အခုထိတော့ လားရှိုးမြို့ အကျဉ်းထောင်ထဲမှာပဲ ရှိပါတယ်” ဟု ရွှေဖီမြေသတင်းဌာနမှ အယ်ဒီတာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TSYU ဝန်ထမ်း မိုင်းသက်နိုင်ဦး ကို ၂၀၂၁ စက်တင်ဘာ ၂၅ ရက် မနက် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာ ၂၆ ရက် မနက် ၁၂ နာရီကျော်တွင် လွေးအမ်ဖောင် ကို ထပ်မံလာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

မိုင်းအောင်သက်ဦး နှင့်အတူ တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) ကျောင်းဆရာ မိုင်းနိုင်ဝင်း နှင့် မိုင်းညီလွယ် တို့ကိုလည်း စက်တင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။

ထို (၂) ဦးသည် လက်ရှိအချိန်ထိ အမှု ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article