Tuesday, January 27, 2026

မိုင်းလားတစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုအပြီး LockDown ဖြေလျှော့

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် ကိုဗစ် – ၁၉ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကို တားမြစ်နိုင်ရန် အလို့ငှာ တစ်မြို့လုံး၌ အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာစစ်ဆေးပြီးနောက် Lockdown ကိုလည်း ဖြေလျှော့လိုက်ကြောင်း သတင်းသိရသည်။

မိုင်းလား ကိုဗစ်စစ်ဆေးရေး

ဧပြီလ ၆ ရက် နှင့် ၇ ရက်နေ့ကို မိုင်းလားမြို့ တစ်မြို့လုံး၌ အာခေါ်တို့ဖတ် စစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီး ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဦးစီးအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဧပြီလ ၇ ရက်နေ့မှ စတင်ကာ မိုင်းလားမြို့ကို Lockdown မှ ဖြေလျှော့လိုက်သည်။

ပြည်သူများအနေဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မှ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဦးစီးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

မိုင်းလား ကိုဗစ် စစ်ဆေးရေး

ထို့အပြင် မိုင်းလားတစ်မြို့လုံး၌ အာခေါင်တို့ဖတ် ဓါတ်ခွဲနှမူနာကို နှစ်ကြိမ်တိုင် စစ်ဆေးခဲ့ပြီး ဒေသအတွင်းမှ ကပ်ရောဂါ ထိန်းချုပ်မှုအခြေအနေသည် တည်ငြိမ်နေလျက်ရှိကြောင်းနှင့် မိုင်းလားမှ နမ့်ပန်သို့လည်း ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုင်းလားဒေသကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့မှ စတင်ကာ Lockdown ချထားခြင်းဖြစ်ပြီး ယမန်နေ့ ဧပြီလ ၇ ရက်နေ့မှာ ပြန်လည်ဖြေလျော့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongLa_ShanNewYear_NDAA_SSPP_1

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

NDAA ထိန်းချုပ် မိုင်းလားမြို့ တာလော့ဂိတ်တွင် ကျားဖြန့်လုပ်ကိုင်သူများကို တရုတ်နိုင်ငံသို့ စစ်ကော်မရှင်လွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို စစ်ကော်မရှင်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်မရှင်တို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန လဝက...

သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’နှင့် မိုင်းလား သွားရောက်၊ စစ်အုပ်ချုပ်ရေး ကြေညာခံရခြင်းအပေါ် နားမလည်ဟု NDAA ပြော

0
စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မိုင်းလားသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး...

မိုင်းလားတပ်ဖွဲ့ NDAA နှင့် တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေး ကူညီမည်ဟု စစ်ခေါင်းဆောင်ပြောဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ တွေ့ဆုံခဲ့စဉ် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မှ ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ခေါ် မိုင်းလားတပ်ဖွဲ့မှ ၎င်းတို့ဒေသအတွင်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းတို့ကို လက်ခံထားခြင်း မရှိကြောင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် NDAA...

ကျိုင်းတုံ-မိုင်းလား လမ်းမကြီး ဝမ်တာပင်းဂိတ် ခရီးသည်နှင့် ကုန်ပစ္စည်းများကို စစ်ဆေးမှုတင်းကြပ်လာ

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းလားမြို့အဝင် ဝမ်တာပင်းဂိတ်တွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး နိုင်ငံသားမှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်သည့် တအာင်း(ပလောင်)လူမျိုးနှင့် ကိုးကန့်လူမျိုးများကို ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပေါ်ရှိ ဝမ်တာပင်းဂိတ်တွင်...