ကျောက်မဲမှာ လက်နက်ကိုင်လူတစ်စု နေအိမ်ထဲ ဝင်ရောက်မွှေနောက် ငွေ ယူသွား 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဧပြီ ၄ ရက် မနက်အစောပိုင်းက လက်နက်ကိုင်ထားသည့် လူတစ်စုမှ နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ငွေများ ယူဆောင်သွားခဲ့ကြောင်း သတင်းသိရသည်။ 

ဧပြီ ၄ ရက် မနက် ၃ နာရီဝန်းကျင် ကျောက်မဲမြို့ ရပ်ကွက် ၈ အင်ကြင်းတောင်ရှိ နေအိမ် ၃ အိမ်အား လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဝင်ရောက် မွှေနှောက်ကာ ငွေ ၂ သိန်းကျော် ယူဆောင်သွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“လက်နက်တွေ ကိုင်ထားတယ်လို့ ပြောတယ်၊ မိန်းကလေးလည်းပါတယ်၊ တစ်အိမ်ကိုတော့ ဒီတိုင်း ဘာမှ မပြောပဲ တံခါးကို ကန်ပြီး ဝင်လာတာ၊ အဲ့အိမ်က ပိုက်ဆံ ၂ သိန်းပါသွားတယ်၊ နောက်တစ်အိမ်က အိမ်ရှင်ကို ခေါ်ပြီးမှ ဝင်လာတာ၊ အိမ်ရှင်အမျိုးသားကို မျက်နာအုပ်၊ လက်နောက်ပြန်ချည်ထားပြီး စောင့်နေခိုင်းတယ်၊ ဖောက်ဝင်တာက ၃ အိမ်ပါ၊ တစ်အိမ်ကတော့ အိမ်ရှင်မရှိဘူး၊ စကားပြောသံကတော့ ဗမာ အသံပဲ၊ ဘိန်းရောင်းတယ် လို့ သတင်းရလို့ လာစစ်တာ ဆိုပြီး ပြောတာတဲ့၊ အိမ်ထဲ အကုန် မွှေနှောက်သွားတာ” ဟု ကျောက်မဲ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ဝင်ရောက်မွှေနှောက်ခံရသည့် နေအိမ် ၃အိမ်ရှိပြီး အိမ်ရှင် မရှိသည့် နေအိမ် တစ်အိမ်နှင့် အိမ်ငှားနေထိုင်သည့် နေအိမ် ၂ အိမ်ဖြစ်ကြောင်း၊ လက်နက်ကိုင်ထားသူ အင်အား ၁၃ ယောက်ဝန်းကျင် ရှိပြီး ကား ၃ စီး၊ ဆိုင်ကယ် ၁ စီးဖြင့် ရောက်လာတာဖြစ်ကြောင်း သိရသည်။ 

ကျောက်မဲမြို့နယ်တွင် ယခုလို ည အချိန်မတော် နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ခံရသည့် အတွက် လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံများက ပြောသည်။ 

“ကျောက်မဲက အရင်က ဒီလို မဖြစ်ဖူးဘူး၊ ခုဖြစ်သွားတာကလည်း နယ်မြေမှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေ ပါလား မပါလား မသိဘူး၊ ခုက နိုင်ငံရေးလည်း မကောင်းဘူး၊ ကြားနေရတာပဲ၊ ပေါ်တာဆွဲတာတွေ၊ လူသစ်စုဆောင်းတာတွေရော ဆိုတော့ ညဆိုလည်း စောစောအိပ်ရတယ်၊ တံခါးတွေပိတ်၊ မီးတွေ ပိတ်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ အိပ်နေရတာ၊ ကျနော်တို့ ပြည်သူတွေအတွက် ပိုပြီးတော့ မလုံခြုံတော့ဘူးလို့ ခံစားမိတာပေါ့” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။ 

အဆိုပါ ရပ်ကွက် ၈ သည် မြို့တွင်းရပ်ကွက်ဖြစ်သော်လည်း လက်နက်ကိုင်ဆောင်သူများမှ ဝင်ရောက်မှုတွေ ရှိလာသည့်အတွက် ပိုစိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။ 

ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးသည့်နောက် လမ်းသွားလမ်းလာ ပြည်သူများအား စစ်ကောင်စီတို့မှ ပိုမိုစစ်ဆေး တင်းကြပ်နေသည်။ 

ထို့အပြင် ယမန်နေ့ ညပိုင်းတွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ကြားခဲ့ရကြောင်း သိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...