Tuesday, January 27, 2026

စစ်ကောင်စီမှ RCSS/SSA ဌာနချုပ်အဖြစ် သတ်မှတ်ပေးထားသည့်နယ်မြေ “ဝ”တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားဒေသအတွင်း စစ်ကောင်စီမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်အဖြစ် သတ်မှတ်ထားသည့်နေရာကို “၀” တပ်ဖွဲ့ (UWSA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ ဧပြီလ ၅ ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် မိုင်းထားဒေသအတွင်းရှိနေသည့် RCSS/SSA တပ်ဖွဲ့ကို ဝ တပ်ဖွဲ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

“မနက် ၁၀ နာရီလောက်မှာ “ဝ”က RCSS/SSA ကို အရင်ထိုးစစ်ဆင်ခဲ့တာပါ၊ တိုက်ပွဲက နာရီဝက်လောက်ပဲ ပစ်ခတ် သံတွေကြားရပြီး အသံတွေပြန်ငြိမ်သွားတယ်၊ နောက် မွန်းလွဲပိုင်း ၁ နာရီကျော်လောက်မှာ ပြန်ဖြစ်တယ်၊ မနေ့က တစ်နေ့တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာ” ဟု မိုင်းထားဒေသမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုများတွင် RCSS/SSA တပ်ဖွဲ့မှ တပ်သား ၅ ဦးနှင့် လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့သည်ဟုလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူတို့ (ဝ တပ်ဖွဲ့) က ကျနော်တို့ကို ထိုးစစ်ဆင်လို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းသိရတယ်၊ ကျနော် တို့ဘက်က တပ်သား ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ ကျတယ်၊ “ဝ” တပ်ဖွဲ့ဘက်ကလည်း ကျဆုံးမှုတွေများတယ် လို့ သတင်းသိရတယ်၊ အသေးစိတ်တော့ မသိရှိရသေးဘူး” ဟု RCSS/SSA မှ အမည်မဖော်လိုသူ ထိပ်ပိုင်း အရာရှိကြီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းတိုက်ပွဲဖြစ်ပွားမှုတွင် “ဝ” တပ်ဖွဲ့မှ ကျဆုံးသူ တစ်ယောက်နှင့် ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တိုက်ပွဲတွင် ယင်းအရေအတွက်ထက် ပိုမိုများပြားကြောင်းလည်း အထက်ပါ မိုင်းထား ဒေသခံက ပြောသည်။

မိုင်းထားဒေသအတွင်းတွင် RCSS/SSA နှင့် “ဝ” တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီ လလယ်ပိုင်းကတည်းက နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

မိုင်းထားဒေသသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက RCSS/SSA ဌာနချုပ်နယ်မြေအဖြစ် စစ်ကောင်စီမှ သတ်မှတ်ပေးခဲ့သော်လည်း RCSS/SSA တို့က တပ်စခန်းနေရာတစ်ခုအဖြစ်သာ အခြေချနေထိုင်ခဲ့ကြောင်းလည်း သိရသည်။

RCSS/SSA နှင့် “၀”တပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ထိတွေ့မှု မရှိခဲ့ရာမှ ယခုနှစ်အတွင်း ပထမဆုံး ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...