စစ်ကောင်စီမှ RCSS/SSA ဌာနချုပ်အဖြစ် သတ်မှတ်ပေးထားသည့်နယ်မြေ “ဝ”တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားဒေသအတွင်း စစ်ကောင်စီမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်အဖြစ် သတ်မှတ်ထားသည့်နေရာကို “၀” တပ်ဖွဲ့ (UWSA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ ဧပြီလ ၅ ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် မိုင်းထားဒေသအတွင်းရှိနေသည့် RCSS/SSA တပ်ဖွဲ့ကို ဝ တပ်ဖွဲ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

“မနက် ၁၀ နာရီလောက်မှာ “ဝ”က RCSS/SSA ကို အရင်ထိုးစစ်ဆင်ခဲ့တာပါ၊ တိုက်ပွဲက နာရီဝက်လောက်ပဲ ပစ်ခတ် သံတွေကြားရပြီး အသံတွေပြန်ငြိမ်သွားတယ်၊ နောက် မွန်းလွဲပိုင်း ၁ နာရီကျော်လောက်မှာ ပြန်ဖြစ်တယ်၊ မနေ့က တစ်နေ့တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာ” ဟု မိုင်းထားဒေသမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုများတွင် RCSS/SSA တပ်ဖွဲ့မှ တပ်သား ၅ ဦးနှင့် လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့သည်ဟုလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူတို့ (ဝ တပ်ဖွဲ့) က ကျနော်တို့ကို ထိုးစစ်ဆင်လို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းသိရတယ်၊ ကျနော် တို့ဘက်က တပ်သား ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ ကျတယ်၊ “ဝ” တပ်ဖွဲ့ဘက်ကလည်း ကျဆုံးမှုတွေများတယ် လို့ သတင်းသိရတယ်၊ အသေးစိတ်တော့ မသိရှိရသေးဘူး” ဟု RCSS/SSA မှ အမည်မဖော်လိုသူ ထိပ်ပိုင်း အရာရှိကြီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းတိုက်ပွဲဖြစ်ပွားမှုတွင် “ဝ” တပ်ဖွဲ့မှ ကျဆုံးသူ တစ်ယောက်နှင့် ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တိုက်ပွဲတွင် ယင်းအရေအတွက်ထက် ပိုမိုများပြားကြောင်းလည်း အထက်ပါ မိုင်းထား ဒေသခံက ပြောသည်။

မိုင်းထားဒေသအတွင်းတွင် RCSS/SSA နှင့် “ဝ” တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီ လလယ်ပိုင်းကတည်းက နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

မိုင်းထားဒေသသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက RCSS/SSA ဌာနချုပ်နယ်မြေအဖြစ် စစ်ကောင်စီမှ သတ်မှတ်ပေးခဲ့သော်လည်း RCSS/SSA တို့က တပ်စခန်းနေရာတစ်ခုအဖြစ်သာ အခြေချနေထိုင်ခဲ့ကြောင်းလည်း သိရသည်။

RCSS/SSA နှင့် “၀”တပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ထိတွေ့မှု မရှိခဲ့ရာမှ ယခုနှစ်အတွင်း ပထမဆုံး ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...