သျှမ်း – ကရင်နီနယ်စပ် ဆေးဆိုင်များ စစ်ကောင်စီထောက်ခံချက်ရမှသာ ဖွင့်လှစ်ရန် ညွှန်ထား

သျှမ်း – ကရင်နီ နယ်စပ်ရှိ ဆေးဆိုင်များသည် စစ်ကောင်စီထောက်ခံချက်များ ရယူပြီးမှ ဖွင့်လှစ်ရန် စေခိုင်းညွှန်ကြားမှုများ ရှိနေကြောင်း သတင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်အတွင်းတွင် ဆေးဆိုင်များ ၃ ဆိုင်ခန့်သာရှိနေပြီး စစ်ကောင်စီမှ ပေးအပ်သည့် ထောက်ခံချက်များဖြင့် ဖွင့်လှစ်ရကြောင်းလည်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ဖယ်ခုံမြို့ထဲမှာ ဆေးဆိုင် သုံးဆိုင်ပဲရှိတော့တယ်၊ ဖွင့်တဲ့ဆိုင်ပေါ့နော်၊ သုံးဆိုင်လုံးက စစ်ကောင်စီဆီကို အကြောင်းကြားပြီးတော့ ထောက်ခံချက်ယူပြီး ဖွင့်ရတယ်၊ စာထဲမှာဘာတွေပါလဲဆိုတာတော့ ကျမတို့လည်း မသိရဘူး” ဟု ဖယ်ခုံမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့ရှိ ဆေးဆိုင်များသည် ဆေးဝါးများတင်သွင်းစဥ်တွင် ဆေးအမျိုးအစားများနှင့် အရေအတွက် များကိုလည်း စစ်ကောင်စီထံတင်ပြရပြီး တချို့သော ဆေးဝါးများကို စစ်ကောင်စီက အခကြေးငွေမပေးပဲ ယူဆောင်မှုများလည်း ရှိကြောင်း သတင်းသိရသည်။

ဖယ်ခုံမြို့ အပြင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် ကရင်နီပြည် ဒီးမော့ဆိုမြို့တို့မှ ဆေးဆိုင်များလည်း စစ်ကောင်စီထံ အကြောင်းကြားပြီး ဖွင့်လှစ်ရကြောင်း သတင်းသိရသည်။

ထို ဖြစ်စဥ်များနှင့် ပတ်သက်ပြီး ဒေသအတွင်းသွားလာလှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးများအနေဖြင့် ၎င်းတို့အတွက် ဆေးဝါးအလွယ်တကူ မရရှိနိုင်အောင် ပြည်သူများကို စစ်ကောင်စီ ဖိအားပေးနေသည်ဟု မြင်မိကြောင်း Pekhon PDF မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့လိုတွေရှိနေတော့ ကျနော်တို့ရဲဘော်တွေလည်း မြို့ပေါ်တက်ပြီး ဆေးဝယ်တာတွေ မလုပ်တော့ဘူး၊ ပြည်သူ တွေလည်း ထိခိုက်နစ်နာမှာစိုးလို့၊ အဓိကကတော့ ကျနော်တို့ ဆေးဝါးလွယ်လွယ်မရနိုင်ဖို့ရယ်၊ ပြည်သူတွေကို ထိန်းချုပ်ချင်လို့ လုပ်နေတာလို့ မြင်တယ်” ဟု Pekhon မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သျှမ်း – ကရင်နီ နယ်စပ် တစ်လျှောက်တွင် တိုက်ပွဲငြိမ်နေသော်လည်းစစ်ကောင်စီတို့၏ တင်းကြပ်သော စစ်ဆေးရေးဂိတ်များနှင့် တချို့သော ဆေးဝါးများကို သိမ်းဆည်းယူဆောင်ခြင်းများ ပြုလုပ်နေသည့်အတွက် ဆေးဝါး ပြတ်လပ်မှုများနှင့် လိုအပ်သည့် ဆေးများ မရရှိနိုင်ခြင်းတို့ ဖြစ်နေကြောင်းလည်း သိရသည်။

ကရင်နီပြည် ဒီးမော့ဆိုအတွင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့်လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းရန်အတွက်နှင့် ဒဏ်ရာရ ရဲဘော်များ ကုသရန်အတွက် အလှူငွေများ လိုအပ်နေလျက်ရှိကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...