သိန္နီမြို့နယ် လက်နက်ကိုင်တပ်ဖွဲ့များ တပ်သားသစ်စုဆောင်း၊ ပြည်သူများထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ တပ်သားသစ် စုဆောင်းမှုကြောင့် ပြည်သူများ မြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။

သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု တစ်စုတွင် အမျိုးသား (၂)ဦးအထက်ရှိလျှင် လက်နက်ကိုင်တပ်များက စစ်သားစုဆောင်းသဖြင့် တစ်ချို့ အိမ်ထောင်စုတွင် သားယောက်ျားလေးအား သင်္ကန်းဝတ်ပေးခြင်း၊ တစ်ချို့အိမ်ထောင်စုမှာ သားယောကျာ်းလေးကို ပြည်ပနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

“ခုချိန်တော့ တပ်သားသစ်တွေ ပြင်းပြင်းထန်ထန်ကောက်နေတဲ့ချိန်ဖြစ်တယ်။ မိသားစုထဲ ယောကျာ်းလေး ၁ ဦးထဲ ရှိတဲ့သူတွေလည်း ကြောက်ရတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကောက်တယ်။ သျှမ်းရွာတွေဆို သျှမ်းတွေကောက်တယ်။ တခြားတိုင်းရင်းသားရွာတွေဆို တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကောက်တယ်” ဟု အသက် (၄၀) ဝန်းကျင် သိန္နီဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်သားသစ်စုဆောင်းမှုကြောင့် ရွာခံများ သိန္နီမြို့တွင်းရှိ ဆွေမျိုးများအိမ်သော်လည်းကောင်း၊ တတ်နိုင်သည့် မိသားစုများလည်း မြို့ထဲ မြေကွက်လာဝယ်ပြီး နေအိမ်အသစ်များ ဆောက်လုပ်နေထိုင်သူများလည်းရှိကြောင်း သိန္နီမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခုချိန်ထိ ကောက်နေတုန်း။ တစ်ချို့လည်း အမျိုးအိမ်တွေမှာ နေတယ်။ တစ်ချို့လည်း မြို့တွေမှာ အိမ်တွေ လာဆောက်ပြီးနေကြတယ်။ အဲ့လို အစုလိုက် ထွက်ပြေးတာတော့ မဟုတ်ဘူး။ တစ်ချို့ရွာတွေတော့ ထွက်ပြေးလို့မရဘူး။ ထွက်ပြေးရင် အိမ်တွေ သိမ်းမယ်ဆိုတာတွေ အဲ့လိုတွေ စည်းကမ်းရှိထားတယ်။ တစ်ရွာ နဲ့ တစ်ရွာတော့ မတူဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးနီးပါး တိုင်းရင်းသားလက်နက်ကိုင်များ စစ်သားစုဆောင်းမှုများကြောင့် ရွာခံများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့်အတွက် မြေ စျေးကွက်တွေလည်း အနည်းငယ် တက်နေကြောင်း သိန္နီမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

သိန္နီမြို့နယ်သည် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသော သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တပ်ဖွဲ့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...