ရွာငံမြို့နယ် စစ်ကောင်စီမှ ရွာသားများကို အတင်းအဓမ္မခေါ်ပြီး ချက်ပြုတ်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲယင်တောင်ကျေးရွာ၊ သာစည်ကျေးရွာနှင့် တခြားသော ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ရွာသားများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချက်ပြုတ်ကျွေးမွေးခိုင်းကြောင်း စုံစမ်းသိရသည်။

ရွာငံ

ယမန်နေ့ ဧပြီလ ၆ ရက် နေ့ခင်းပိုင်းတွင် ရွာငံမြို့ ပဲယင်တောင်ကျေးရွာမှ သက်လတ်ပိုင်း ရွာသားများကို စစ်ကောင်စီတို့က လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေက ရွာဦးဘုန်းကြီးကျောင်းထဲမှာ စခန်းချထားတာပေါ့၊ လဆန်းပိုင်း ကတည်းက ဒီဘုန်းကြီးကျောင်းကို ရောက်လာတယ်၊ အခုက လူလတ်ပိုင်း လေးငါးယောက်ကို ခေါ်ပြီးသူ့တို့ကို ချက်ပြုတ် ကျွေးမွေးဖို့ ခေါ်ထားတယ်၊ မနေ့ကလည်း နောက်ထပ်နှစ်ယောက်ထပ်လာခေါ်သွားတယ်၊ အဲ့ထဲမှာ အမျိုးသမီးနှစ်ယောက်ပါတယ်” ဟု ပဲယင်တောင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့၏ ရွာသားများကို ဖမ်းဆီးရိုက်နှက်ခြင်းများနှင့် ရွာထဲ စခန်းချနေထိုင်မှုကြောင့် ရွာသား တချို့ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေသည့်သူများလည်း ရှိနေရာ ပဲယင်တောင်ရွာသားများကို လက်ခံပေးမှုများ မပြုလုပ်ရန် ပတ်ဝန်းကျင်များကို ခြိမ်းခြောက်ပြောဆိုထားကြောင်းလည်း သတင်းသိရသည်။

“ပဲယင်တောင်ရွာရဲ့ တောင်ဘက် ငါးမိုင်လောက်အကွာမှာ စစ်ဆေးရေးဂိတ်ရှိတယ်၊ အဲ့ဒီက စစ်သားတွေက ပဲယင်တောင် ရွာသားဆိုရင် တခါတည်း ဖမ်းပြီး စစ်ဆေးတာရှိတယ်၊ ပြီးတော့ တိမ်းရှောင်နေတဲ့ တခြား ရွားသားတွေ ပြန်လာဖို့ ပြောတယ်၊ ပဲယင်တောင်ရွာသားဆိုရင် လက်မခံဖို့လည်း ဘေးရွာတွေကို ခြိမ်းခြောက်ထားတာ ရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိ ပဲယင်တောင်ကျေးရွာမှ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကြောင့် ဒေသခံရွာသားများအနေဖြင့် စားနပ်ရိက္ခာဝယ်ယူမှုများခက်ခဲသည့်အပြင် ကျွဲ၊ နွားကဲ့သို့သော တိရိစ္ဆာန်များကိုလည်း စားကျက်သို့ မလွတ်ရဲကြောင်း သိရသည်။

ထို့အပြင် ပဲယင်တောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံရွာသားများအနေဖြင့် တချို့သော ပြည်သူ့ပိုင်အိမ်များသည် ဖောက်ထွင်းခံရပြီး ပစ္စည်းယူဆောင်ခြင်းများခံနေရကြောင်းလည်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...