သျှမ်းတောင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ပရဟိတလူငယ်များ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရ

သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် သာမာန်အရပ်သားနှင့် ပရဟိတလူငယ်များကို စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ (၄)ရက်တွင် ဒေသတွင်း ပရဟိတလုပ်သည့် ကိုအောင်ဆန်း၊ ကိုအောင်မြင့်ထွန်း နှင့် မယမင်းဖွေးတို့ကို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်ကြောင်း သိရသည်။

“သူတို့ကို ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်တာ။ ကိုအောင်ဆန်း ကို (၁၉)နှစ်၊ ကိုအိန်ဒ ကို (၁၈)နှစ်၊ မယမင်းဖွေး ကို (၁၅)နှစ်စီ ချမှတ်လိုက်တာ။ သူတို့အားလုံးကို မတရားအသင်းဆက်သွယ်မှုနဲ့ဆိုပြီးတော့ အမိန့်ချ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု ၄င်းထောင်ဒဏ်ချခံရသူများနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ထို (၃)ဦးကို စစ်ကောင်စီက တောင်လေးလုံးထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုအောင်ဆန်းသည် တောင်ရိုး အထောက်အကူပြု အဖွဲ့ဝင်ဖြစ်ပြီး ၎င်းကို စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်နေ့က လာရောက်ဖမ်းဆီးသွားပြီး PDF နှင့် အဆက်အသွယ် ရှိသည် ဟု စွတ်စွဲပြီး ဖမ်းဆီးသွားသည်။

အလားတူ ကိုအောင်မြင့်ထွန်း နှင့် မယမင်းဖွေး တို့သည် စက်တင်ဘာ (၂၅)ရက် အောင်ပန်းမြို့နယ် အတွင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ (၂)ဦးကိုလည်း PDF တပ်ဖွဲ့ဝင်များကို ငွေကြေးထောက်ပံ့မှုကြောင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကိုအောင်မြင့်ထွန်း သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်ပြီး PDF တပ်ဖွဲ့နှင့် အဆက်အသွယ် ပြုလုပ်မှု မရှိပေ။

“သူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာကို အဓိကလုပ်တာ။ စစ်ကောင်စီတို့က လာဖမ်းသွားပြီးတော့ သူတို့ကို PDF ကို ထောက်ပံ့တယ်လို့ ပြောပြီး ဖမ်းသွားတာပဲ။ တကယ်တော့ သူက အဲလိုမျိုး ထောက်ပံ့တာ လုပ်နေမယ်လို့တော့ ကျနော်မထင်ဘူး။ အဲလိုမျိုးလုပ်တာမျိုး မရှိဘူး” ဟု ကိုအောင်မြင့်ထွန်း ၏ ဆွေမျိုးဖြစ်သူက ပြောသည်။

ထို့ပြင် မယမင်းဖွေး ကိုလည်း တောင်ရိုးအထောက်အကူပြုအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဒေသတွင်း ပညာပိုင်းကို လိုက်လံကူညီပေးသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃)ဦးလုံးကို ဖမ်းဆီးသွားပြီး (၆)လအကြာ တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရပြီးနောက် ဧပြီလ ၄ ရက်တွင် ၄င်းတို့ကို နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်သည်။

စစ်ကောင်စီ အုပ်စု အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် အပြစ်မဲ့ ပြည်သူများနှင့် လူမှုအဖွဲ့အစည်းလုပ်ဆောင်နေသူများကို ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...