CATEGORY

သတင်း

ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတို့ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းကို ရေဆင်းချိုးသည့် စစ်ကောင်စီတပ်ဖွဲ့သားများ ပြန်လည်နင်းမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း သိရသည်။ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ မေ ၂၄ရက် တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအို၀်း အမျိုးသား တပ်မတော် PNA တို့က ပူးပေါင်း စခန်းချ...

တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်ခရီးသွားဖြတ်သန်းခွင့် ကို ဇွန် ၁ရက် ဖွင့်မည်ဟုဆို

သျှမ်းရှေ့ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်ကို ဇွန် ၁ ရက်တွင် ဒေသတွင်းနှစ်ဘက် ကုန်သွယ်ရန် အတွက် ပြန်လည်ဖွင့်လှစ်သွားမည် ဟု သတင်းရရှိသည်။ ဇွန်လ ၁ရက် မှ စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်ဂိတ် မယ်ဆိုင်တံတားနှင့် တခြားနယ်စပ်ဂိတ်များကို Thai- Myanmar Township Border Committee (TBC)...

စစ်ကောင်စီ၏ သွေးခွဲလက်နက်

“တစ်ရပ်ကွက်ကို လူ ၁၂ ယောက် တစ်ရွာကို လူ ၁၂ ယောက် ပေးရမယ်ဆိုပြီး အခု လူလိုက်စုနေတယ်” ဟု စစ်ကောင်စီတပ် လက်အောက်ခံ အဖြစ် ဖွဲ့စည်းမည့် ဓနုပြည်သူ့စစ် (သို့) Danu Army ဖွဲ့စည်းရန် လူစုဆောင်းနေကြောင်း ပင်းတယမြို့ခံ အမျိုးသမီး...

ဟိုပုံးမြိုနယ် အတွင်း PNOမှ တအိမ် ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းကောက်နေ

သျှမ်းတောင် ဟိုပုံးမြို့နယ် အတွင်းရှိ ကျေးရွာတချို့ကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ တအိမ်ထောင်စုလျှင် ကျပ်ငွေ ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းများလာကောက်နေကြောင်း စုံစမ်းသိရသည်။ PNO မှ နယ်မြေလုံခြုံရေး ဟုပြောဆိုပြီး အသက် ၁၈နှစ်မှ အသက် ၅၀ အောက်များ၏ နာမည်စာရင်းကို ကောက်ပေးရန် နှင့် လုံခြုံရေးလှုပ်ရှားရန်...

မူဆယ်တွင် PGAF အဖွဲ့တစ်ခု ငွေကျပ်သိန်း(၁၀၀) ဆက်ကြေးကောက်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်သည့် နေအိမ်တစ်လုံးကို ယနေ့ (မေ ၂၄)ရက် နံနက် အစောပိုင်း တွင် PGAF ဟု အမည်ရအဖွဲ့က အသံမိုင်းဖောက်ခဲ့ကာ ဆက်ကြေးကောက်သည့် စာရွက်ပစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၂၄) နံနက် ၁နာရီတွင် မူဆယ်မြို့ တောင်ရပ်ကွက်တွင်...

ကွတ်ခိုင်မြို့တွင်း ခိုးယူလုယက်မှုများပြားလာ

၏သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း ခိုးယူလုယက်မှု များပြားနေသည့်အတွက် ဒေသခံပြည်သူ များက စိုးရိမ်မှု မြင့်တက်နေကြောင်း သတင်းသိရသည်။ ယနေ့ (မေလ ၂၃) ရက် နေ့လည်းပိုင်း ၁၂ နာရီဝန်းကျင် တွင် ရပ်ကွက် ၅ ရှမ်းဘုန်းကြီးကျောင်း အနီးရှိ နေအိမ်တစ်လုံးဖောက်ထွင်းခံရပြီး ဆိုင်ကယ်နှင့် ဖုန်းများ ပါသွားကြောင်း...

စဝ်ခွန်ထွန်းဦး ၁ လပြည့် အခမ်းအနား ချင်းမိုင်တွင် ပြုလုပ်မည်

စဝ်ခွန်ထွန်းဦး သေဆုံးသွားသည့် ၁ လပြည့် အထိမ်းမှတ်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝတ်ကူတောက်ဘုန်းကြီးကျောင်းတွင် လာမည့် မေလ ၂၉ ရက်တွင် ဆွမ်းကပ်ပြီး ဂုဏ်ပြုအခမ်းနား ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ လာမည့် မေ ၂၉ ရက်တွင် စဝ်ခွန်ထွန်းဦး သေဆုံးသည့် ၁ လပြည့်အနေဖြင့်...

အောင်ပန်းမြို့ ရေကြီးမှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ယနေ့ ( မေလ ၂၃) နေလည်ပိုင်းတွင် မိုးသည်းထန်း ရွာသွန်းမှုကြောင့် နေအိမ်များတွင် ရေကြီးမှုဖြစ်ပွားနေလျက်ရှိကြောင်း သိရှိရသည်။ “ အခုလည်း မိုးက ရွာနေသေးတယ်။ တောက်လျောက်ရွာနေတာ။ ရေကကြီးလာတာ။ နေ့လည်ကတည်းရွာတာ။ အခုချိန် ဆိုင်ကယ်လာရင် ရေထဲမြှုပ်တယ်။ ဒူးလောက်ထိတောင်နစ်နေပြီ။ ဟိုက်ဂျက်ကားတွေ ရေ၀င်လို့...

တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ

၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။ ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။ အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းဟာ...

သျှမ်းပြည် ပန့်ဆီဆိုင် တချို့ဆီပြတ်လပ်နေ

သျှမ်းပြည်အတွင်းရှိ တချို့ မြို့များတွင် စက်သုံးဆီများပြတ်လပ်နေပြီး ဈေးနှုန်းများလည်း ၃၀၀၀ ကျပ်အထိ မြင့်မားနေကြောင်း သတင်းသိရသည်။ ယမန်နေ့ မေလ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့တွင် စက်သုံးဆီဈေးနှုန်း ၂၄၅၀ ကျပ် ဝန်းကျန်ရှိနေပြီး တချို့ဆိုင်များတွင် ဆီများပြတ်နေကြောင်း နမ့်ခမ်းမြို့ခံ...

Latest news