ဟိုပုံးမြိုနယ် အတွင်း PNOမှ တအိမ် ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းကောက်နေ

သျှမ်းတောင် ဟိုပုံးမြို့နယ် အတွင်းရှိ ကျေးရွာတချို့ကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ တအိမ်ထောင်စုလျှင် ကျပ်ငွေ ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းများလာကောက်နေကြောင်း စုံစမ်းသိရသည်။

PNO မှ စစ်သားသစ်ကောက်ရန် အစည်းအ၀ေးလုပ်စဥ်

PNO မှ နယ်မြေလုံခြုံရေး ဟုပြောဆိုပြီး အသက် ၁၈နှစ်မှ အသက် ၅၀ အောက်များ၏ နာမည်စာရင်းကို ကောက်ပေးရန် နှင့် လုံခြုံရေးလှုပ်ရှားရန် အတွက် လိုအပ်သည့် စရိတ် ရိက္ခာ ဆန်၊ဆီ၊ဆားများနှင့် တအိမ်ထောင်လျှင် ကျပ်ငွေ ၃သောင်း ပေးဆောင်ရမည် ဟု ဟိုပုံးမြို့နယ်မှ PNO စာရင်းလာကောက်ချိန်တွင် သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့က လူတွေကို လက်တလော မခေါ်သေးဘူး၊ စာရင်းကို ဇွန် ၃ရက်မှာ အပြီးပေးရမယ်။ လောဆယ်တော့ တအိမ်ကို ပိုက်ဆံ ၃သောင်းနဲ့ဆန်တပြည်ကတော့ ပေးလိုက်ရပြီ၊ လုံခြုံရေး အတွက်လို့ပြောတာပဲ” ဟု အစည်းအဝေးတက်သည့် အမျိုးသား က ပြန်ပြောပြသည်။

အဆိုပါကိစ္စရပ်များကို မီဒီယာနှင့် လူမှုကွန်ရက်စာမျက်နှာပေါ် တင်ပါက အရေးယူမည်ဟုလည်း PNO အဖွဲ့ က ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။

PNOမှ အစည်းအ၀ေးလုပ်စဥ်

PNO ၏ အစည်းအဝေး တွင် အသက် ၁၈နှစ်နှင့်အထက် အသက် ၅၀နှစ်အောက်များအား လုံခြုံရေးအမည်ခံ ပျူစောထီးတပ်များဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ မေ ၂၄ရက် နောက်ဆုံးနေ့ထားပြီး မြို့နယ်အဆင့်၊ မေ ၂၇ရက် နောက်ဆုံးထားပြီး ကျေးရွာအုပ်စုအဆင့် နှင့် ဇွန် ၃ရက် နောက်ဆုံးထားပြီး မြို့နယ် တိုင်းလုံခြုံရေး အဖွဲ့ဆီ စာရင်းပေးပို့ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဇွန်လအတွင်း အပြီးအစီး လုံခြုံရေး သင်တန်းအားသင်တန်းပေးရန် နှင့် PNO လုံခြုံရေး စရိတ်အတွက် ပအိုဝ်း ဒေသ တခုလုံး အိမ်ထောင်စုများအားတအိမ်ထောင်လျှင် ကျပ်ငွေ ၃သောင်း နှင့် အထက် ကောက်ခံရန် နှင့် ဆန်၊ ဆီ၊ဆား များအားကောက်ရန် ညွှန်ကြားထားကြောင်းသိရသည်။

ထို့ကိစ္စနှင့် ပတ်သက်ပြီး ဟိုပုံးမြို့နယ် အတွင်းနေထိုင်သည့် သျှမ်းအမျိုးသားတစ်ဦးက “ ကျနော်တို့ရွာကလူတွေကလည်း အခက်အခဲတွေရှိကြတယ်လေ။ စီးပွားရေး ဝင်ငွေက အဆင်မပြေတော့ ငွေရော လူရော မပေးနိုင်ဘူးဆိုပြီး တောင်းပန်ခဲ့ပေမယ့် မရဘူး။ အထက် အမိန့်ပဲဆိုပြီးပြောတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဟိုပုံးမြို့နယ်အတွင်း အဖက်ဖက် ကျဆင်းနေချိန် တဖက်မှာလည်း PNO မှ ကျေးရွာပြည်သူများထံ နည်းမျိုးစုံ ခြိမ်းခြောက်နေပြီး စစ်သားသစ်စုဆောင်နေသဖြင့် လူငယ်များလည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းသျှမ်းအမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၁၂ရက်တွင် ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ၌ စစ်တပ်နှင့် PNO အဖွဲ့ကို PDFပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁၅ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား တပ်သား ၂ ဦးနှင့် PNO တပ်သား၃ ဦး လက်နက်ချဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် PNOတပ်ဖွဲ့မှ ၎င်းတို့နယ်မြေလုံခြုံရေးအစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...