တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ

၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။

မိုးဗြဲ စစ်ရှောင်

ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။

အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။

စစ်ရှောင်စခန်းဟာ ဖယ်ခုံမြို့ကနေပြီး ၃မိုင်လောက် ဝေးပေမယ့် ဆိုင်ကယ်လမ်းမရှိတဲ့အတွက် လမ်းလျှောက်ပြီး သွားရပါတယ်။

“သွားလမ်းက ကားလမ်းမပေါက်ဘူး။ ခြေလျင်နဲ့ လမ်းလျောက်သွားရတာ။ သွားနေရတဲ့ လမ်းပေါ်မှာလည်း အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်။ လမ်းခရီးကလည်း ကြမ်းတယ်” လို့ စစ်ရှောင်များကို စောင့်ကြည့်ကူညီပေးနေတဲ့ မူအဲမလီ ကပြောပြပါတယ်။

တောနက်ထဲမှာ စစ်ရှောင်နေတဲ့သူ စုစုပေါင်း (၇၀၀) ရှိပြီး၊ ထိုသူတွေကတော့ သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း ကျေးရွာထဲက ဒေသခံပြည်သူတွေဖြစ်ပါတယ်။

မိုးဗြဲစစ်ရှောင်စခန်း

အဲ့ဒီ စစ်ရှောင်တွေ နေထိုင်တဲ့ တောတောင်တောအုပ်ကြီးထဲမှာလည်း မခိုင်မခံတဲ့ တဲကို မိုးကာနဲ့ ပတ်ထားပြီး၊ မိုးကြီး လေကြီးလာပါက တဲပြိုနိုင်တဲ့ အနေအထားပါ။

“ သူတို့တဲထိုးပြီးတော့ပဲနေကြတယ်။ မိုးကာနဲ့ ပဲထိုးတယ်။ အခုက မိုးကာလည်း မလုံလောက်ဖြစ်နေတယ်။ သူတို့ရှိထားတဲ့ မိုးကာလည်း သူတို့သယ်လာတယ်။ အဲဒီမိုးကာတွေလည်း အဟောင်းပဲ။ မိုးယိုတဲ့ဟာမျိုးတွေ လည်းဖြစ်တယ်။ လေတိုက်နေတဲ့အချိန်မှာဆိုရင် မိုးမလုံ၊ လေမလုံ၊ အနေထားတွေဖြစ်တယ်။ အဓိကတော့ သက်ကြီးရွယ်အို နဲ့ ကလေးတွေအတွက် လုံးဝကျန်းမာရေးတွေနဲ့ မကိုက်ညီတဲ့ အနေထားမျိုးတွေဖြစ်တယ်”လို့ မူအဲမလီ က ပြောပြပါတယ်။

စစ်ကောင်စီ ရဲ့ တိုက်ခိုက်မှုကို စိုးရိမ်သဖြင့် တောနက်ကြီးထဲမှာ သွားရောက်နေထိုင်နေကြရပေမယ့် တဖက်မှာလည်း သွားလာရတာလည်း ခက်ခဲတဲ့အတွက် စားဝတ်နေရေး အထောက်အကူပြုဖို့ အရမ်းကို ခက်ခဲနေပါတယ်။

“အစားအသောက်တွေသွားထောက်ပံ့ဖို့လည်း ကားလမ်းမရှိ ၊ ခြေကျင်နဲ့သာ လမ်းလျှောက်ပြီးသွားရတာမို့ အလှူရှင်တွေကလည်း သူတို့အတွက် နည်းပါးနေပါတယ်” လို့ သွားရောက်ကူညီခဲ့တဲ့ မူအဲမလီ က ဆိုပါတယ်။

လတ်တလောမှာ အလှူရှင်တွေ ရောက်ရှိမှု မရှိသလောက်ဖြစ်သဖြင့် ရိက္ခာလည်း လိုအပ်နေပါတယ်။ တဖက်မှာလည်း စစ်ရှောင်နေထိုင်တဲ့နေရာမှာ တောထဲဖြစ်နေတဲ့အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိတဲ့ နေရာဖြစ်ပါတယ်။

မိုးဗြဲစစ်ရှောင်နေထိုင်ရတဲ့ ပုံစံ

ယခုလ အတွင်းမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တို့ဟာ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်တွေနဲ့ ထိုးစစ်ဆင်သလို ဆောင်နန်းခဲကျေးရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ စစ်ရှောင်စခန်းသွားတဲ့လမ်းတဝက်မှာလည်း တပ်စွဲထားတဲ့အတွက် တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ပြည်သူတွေက ပြန်လို့မရတဲ့အတွက် တောထဲမှာပဲ ဆက်ပြီးနေရတဲ့အခြေအနေ ဖြစ်နေ ပါတယ်။

“အခုအချိန်က တောင်ယာတွေမှာသွားနေရင်လည်း အဆင်မပြေဘူး။ လုံခြုံရေးကြောင့် တောထဲမှာသွားနေရတာ။ တောလမ်းရဲ့ တစ်ဝက်မှာလည်း စစ်ကောင်စီနဲ့က အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သေးတယ်။ သူတို့က အထဲမှာပိတ်ခံနေရသလိုဖြစ်နေတာ” လို့ မူအဲမလီ ကပြောပါတယ်။

မိုးရာသီထဲလည်း ရောက်လာပြီမို့ တောထဲမှာနေနေတဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးကလည်း စိုးရိမ်စရာဖြစ်လာပါတယ်။

“မိုးတွင်းကျရင် ဝမ်းလျော်ဝမ်းပျက်တွေဖြစ်လာနိုင်တယ်။ ပြီးတော့ ခြင်တွေလည်း သိပ်ရှိတာကြောင့် ခြင်ကိုက်တာခံရပြီး တုတ်ကွေးရောဂါတွေဖြစ်မှာစိုးရိမ်ရတယ်။ အမျိုးသမီးတွေအတွက်က ပိုပြီးစိုးရိမ်ရတယ်။ အခုကမိုးရာသီဝင်ခါစဆိုတော့ ဘာမှ အဆင်ပြေဖြစ်မနေပါဘူး” လို့ မူအဲမလီ က ရှင်းပြပါတယ်။

အလားတူ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက တစ်ချို့စစ်ရှောင်များသည်လည်း မိုးဗြဲမြို့ဘက်သို့ စစ်ရှောင် စုစုပေါင်း ၁၃၀၀ နီးပါးရှိပါတယ်။

“စစ်ရှောင်စခန်းမှာဆိုရင် ကလေးနဲ့ သက်ကြီးရွယ်အိုအများဆုံးပဲရှိတာ။ ကျန်တဲ့ လူလတ်ပိုင်းတွေကတော့ သိပ်မရှိဘူး။ သူတို့တွေက အပြင်မှာ အလုပ်သွားလုပ် ပိုက်ဆံတွေသွားရှာနေကြတာ။ စစ်ရှောင်စခန်းတိုင်းလိုလို ကလေးသူငယ်တွေ အများဆုံးရှိနေတယ်” ဟု မိုးဗြဲစစ်ရှောင်ကော်မတီအဖွဲ့ဝင် ဦးရန် (အမည်လွှဲ) က ပြောပါတယ်။

စစ်ရှောင်စခန်းတွင် ကလေးငယ်၊ အမျိုးသမီးတွေနဲ့သက်ကြီးရွယ်အိုတွေ အများစုဖြစ်ပြီး စစ်ရှောင်ထဲရောက်ရှိနေတဲ့ ကလေးတွေ လက်ရှိအချိန်ထိ စာမသင်ရသေးကြောင်းလည်း ဦးရန် က ဆိုပါတယ်။

“စစ်ရှောင်မှာ ကလေးဦးရေ အရမ်းများတယ်။ ဘယ်စခန်းမဆို အရမ်းများတယ်။ တစ်ချို့ကလေးဆိုရင် ၆ နှစ် ၈ နှစ်တွေ ရှိနေပြီ စာမသင်ရသေးဘူး။ ၇ နှစ်ရှိနေပြီဖြစ်နေပေ့မယ့် သူတို့ KG တန်းတွေ မတက်ရသေးတဲ့ ကလေးတွေလည်းရှိနေတယ်။ ပညာရေးပိုင်းမှာကြည့်မယ်ဆိုရင်လည်း တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေတယ်” လို့ ဦးရန်တယောက် ရင်မောစွာနဲ့ ပြောပြပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်မှာ တောင်ယာ၊လယ်ယာကို အဓိကထားလုပ်ကိုင်ကြတဲ့ ဒေသတခုဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်မှာတော့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားကာ ပြည်သူတွေဟာ တောင်ယာတွေ၊ လယ်ယာတွေ မလုပ်ကိုင်နိုင်တော့ပေ။

မိုးဗြဲစစ်ရှောင်စခန်းမှ မိသားစု

ဒ့ါကြောင့် အခုနှစ်မှာ စပါးအထွက်နှုန်းကျဆင်းသွားနိုင်ပြီး၊ လာမယ့်နှစ်မှာ ထပ်မံစစ်ရှောင်နေရပါက စပါးထွက်နှုန်းလုံး၀ မရှိတော့ကြောင်း မိုးဗြဲ စစ်ရှောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးရန် က စိုးရိမ်စွာနဲ့ ရင်ဖွင့်လာပါတယ်။

“မိုးဗြဲမှာ ဒီနှစ်လယ်ယာလုပ်ရတာက အရင်နှစ်နဲ့နှိုင်းရင် ၃ ပုံမှာ ၁ ပုံလောက်ပဲ လုပ်ရတော့တာ။ လာမဲ့နှစ်ဆိုရင် ဆန်စပါးလုံးဝရှားသွားနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်။

မိုးဗြဲအရှေ့ဘက်နဲ့ တောင်ဘက်ဆိုရင် စပါးအဓိကထွက်တယ်။ အခုဆိုရင်လုပ်လို့မရတော့ဘူး။ လုပ်လို့ရလည်း မလုပ်ရဲကြတော့ဘူး” လို့ ဦးရန် က ဆိုပါတယ်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့က စစ်အာဏာသိမ်းပြီး ၃ လအကြာမှာ သျှမ်းပြည်အတွင်း ပထမဆုံး PDF တပ်ဖွဲ့ဝင်ပေါ်လာတဲ့ မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။

ယနေ့ အချိန်အထိ ဖယ်ခုံမြို့နယ်ဘက်တွေမှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က တိုက်ပွဲဆက်လက်ပြင်းထန်နေလျက်ရှိပြီး၊ စစ်ကောင်စီဘက်ကနေလည်း လေယာဉ်တွေနဲ့အတူ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်လာနေဆဲပါ။

ဒီအခြေအနေ တွေအရ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပြီး စစ်ကောင်စီတပ်မှ လက်နက်အင်အား လူအင်အားအများအပြား ဖြည့်တင်းလာနိုင်ကြောင်းလည်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ဆက်ဖြစ်သွားနိုင်တယ်။ တိုက်ပွဲကလည်း ပြင်းထန်လာနိုင်တယ်။ သူတို့ဘက်က လက်နက် အင်အားတွေ အရမ်းသုံးတယ်။ လေယာဉ်တွေနဲ့လည်း ထိုးစစ်ဆင်နေတယ်” လို့ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါက စစ်ရှောင်ပြည်သူတွေအတွက် စားဝတ်နေရေး ဒီထက် ခက်ခဲလာနိုင်ပြီး၊ စစ်ကောင်စီမှ လေကြောင်းကို အသုံးပြီး ထိုးစစ်ဆင်နေပါက စစ်ရှောင်များ ထွက်ပြေးရန် ပြေးစရာ၊ မြေမရှိတော့ပေ။

“စစ်ရေးတွေ ဆက်တိုက် ဖြစ်နေမယ်။ လေကြောင်းနဲ့တိုက်နေမယ်ဆိုရင် ကျမတို့ ပြည်သူ တောထဲနေလဲ လွတ်မှာမဟုတ်ဘူး။ ပြေးစရာ မြေမရှိတော့ဘူး” လို့ မူအဲမလီ က ထောက်ပြပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မိုးဗြဲမြို့ ၊ ဖယ်ခုံမြို့ စစ်တပ် နှင့် ကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်း နှင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတို့တွင် စစ်ကော်မရှင်တပ် နှင့် ကရင်နီတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ပြီးခဲ့သည့် (မတ်လ ၇ ရက်မှ ယမန်နေ့ ၁၀ ရက်) မိုးဗြဲမြို့ အနောက်ဘက်ခြမ်း နှင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း...